ဂျမူးနှင့် ကက်ရှ်မီးယားတွင် ကုံကမံ စိုက်ပျိုးသူများအတွက် အစိုးရက အဆင့်မြင့် သုတေသနခြံတည်ဆောက်ပေး

ဂျမူးနှင့် ကက်ရှ်မီးယားတွင် ကုံကမံ စိုက်ပျိုးသူများအတွက် အစိုးရက အဆင့်မြင့် သုတေသနခြံတည်ဆောက်ပေး

အိန္ဒိယနိုင်ငံ ဂျမူးနှင့် ကက်ရှ်မီးယားဒေသတွင် အစိုးရက အဆင့်မြင့် နည်းပညာသုံး သုတေသနခြံကို တည်ဆောက်ပေးခြင်းကြောင့် ဒေသထွက် ကုံကမံများ၏ အရည်အသွေးကို တိုးတက်ကောင်းမွန်စေရန် အခြေအနေ ကောင်းများ ရှိလာသည်။

ကုံကမံများ၏ အရည်အသွေးကို တိုးတက်ကောင်းမွန်စေရန်နှင့် ကုံကမံစိုက်ပျိုးသူများ နှစ်ပေါင်းများစွာ ကြုံတွေ့နေရသည့် ပြဿနာများကို ဖြေရှင်းပေးနိုင်ရန် အဆိုပါ သုတေသနခြံကို တည်ဆောက်ခြင်း ဖြစ်သည်။

ကုံကမံ စိုက်ပျိုးသူများအသင်းဥက္ကဌ အဘ်ဒူမာဂျိဝမ်နီက “ကက်ရှ်မီယား ကုံကမံ ဝယ်လိုအား မြင့်တက်လာတဲ့အပေါ်မှာ ကူညီဆောင်ရွက်ပေးဖို့ တောင်သူတွေက ဂျမူးနဲ့ကက်ရှ်မီးယားအစိုးရက တောင်းဆိုခဲ့တာကြောင့် အစိုးရက လယ်သမားတွေအတွက် အထောက်အကူများစွာ ဖြစ်စေမယ့် သုတေသနခြံ ကို တည်ဆောက်ပေးခဲ့ပါတယ်။ လိုအပ်တဲ့ အရာတွေကို တည်ဆောက်နေပါတယ်”

“ကက်ရှ်မီးယားဒေသရဲ့ ကုံကမံအရည်အသွေးကိုတိုးတက်စေဖို့ ဒီ သုတေသနခြံမှာ ခေတ်မီကိရိယာတွေ အားလုံးတပ်ဆင်ထားပါတယ်။ အခြောက်ခံခြင်း၊ စမ်းသပ်ခြင်း၊ ထုတ်ပိုးခြင်းနဲ့ စိုက်ပျိုးသူတွေအတွက် သင့်တော်တဲ့ ဈေးကွက်အပေါ်အဝင် အခြေခံအကြောင်းအရာတွေ မရှိတာကြောင့် လယ်သမားတွေမှာ အခက်အခဲတွေ အများကြီး ကြုံတွေ့နေရပါတယ်။ ဒါပေမယ့် အစိုးရရဲ့ ဆောင်ရွက်မှုကြောင့် ကက်ရှ်မီးယား ကုံကမံတွေဟာ အရည်အသွေးထောက်ခံချက် (GI) ရရှိပြီး တောင်သူတွေအတွက် အခြေအနေကောင်းတွေ ရရှိစေပါတယ်” ဟု သုတေသနခြံ တာဝန်ခံ ဒေါက်တာ ခူအာရှစ်က ပြောကြားသည်။

ကက်ရှ်မီးယား ကုံကမံများ အရည်အသွေးထိန်းသိမ်းရာတွင် အကျိုးများစွာရှိကြောင်း တောင်သူများက ပြောကြားသည်။

ကုံကမံ စိုက်ပျိုးသူတစ်ဦးဖြစ်သည့် အိုဝါအစ်အာမက်က “ဒီ သုတေသနခြံကို တည်ဆောက်ပေးတဲ့အတွက် အစိုးရကို ကျေးဇူးအများကြီး တင်ပါတယ်။ အရင်တုန်းက အိမ်မှာ အခြောက်ခံရတာ ၃/၄ ရက်လောက်ကြာပြီး ခေတ်မီနည်းပညာတွေနဲ့ အခြောက်ခံတော့ မိနစ် ၂၀ လောက်ပဲ ကြာတယ်။

ယခု သုတေသနခြံရှိ အခြားအရေးကြီးသော အဆောက်အအုံများမှ သိပ္ပံဓာတ်ခွဲခန်းနှင့် ကုံကမံများ၏ အရည်အသွေးအား ထိန်းသိမ်းရာတွင် အရေးပါသည့် စိုထိုင်းဆကို တိုင်းတာခြင်းဖြစ်သည်။

“အရင်တုန်းက ကုံကမံ ပန်းတွေကို ခူးပြီးရင် တောင်သူတွေက အိမ်မှာ သမားရိုးကျနည်းအတိုင်း အခြေခံရတာကြောင့် သင့်တော်တဲ့ အရည်အသွေးမရကြဘူး။ အဆင့်မြင့် သုတေသနခြံကြောင့် တောင်သူတွေအနေနဲ့ ခူးဆွတ်ချိန်ကနေ ထုပ်ပိုးတဲ့အထိ အဆင့်အားလုံးကို တစ်နေရာတည်းမှာ လုပ်ဆောင်နိုင်ပါပြီ” ဟု ကုံကမံ စိုက်ပျိုးသူတစ်ဦး ဖြစ်သည့် ဖာရွတ်ခ်အာမက်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly