ပါကစ္စတန်၏ ငွေကြေးဖောင်းပွမှုနှုန်း လပေါင်း ၂၀ အတွင်း အမြင့်ဆုံး မြင့်တက်

By Islam Khabar
18 December 2021
ပါကစ္စတန်၏ ငွေကြေးဖောင်းပွမှုနှုန်း လပေါင်း ၂၀ အတွင်း အမြင့်ဆုံး မြင့်တက်

ပါကစ္စတန်နိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ထိန်းချုပ်နိုင်ခြင်း မရှိသေးဘဲ ယင်းသည် ၉ ဒသမ ၂ ရာခိုင်နှုန်းကနေ ၁၁ ဒသမ ၅ ရာခိုင်နှုန်းသို့ မြင့်တက်ထားခဲ့ကြောင်း သိရသည်။ ယင်းသည် နှစ်နှစ်နီးပါးအတွင်း အမြင့်ဆုံးအတိုင်းအတာလည်း ဖြစ်သည်။

Consumer Price Index (စားသုံးသူဈေးဆနှုန်း) ဖြင့် တိုင်းတာသည့် ငွေကြေးဖောင်းပွမှုနှုန်းက လပေါင်း ၂၀ အတွင်း ယင်း၏ အမြင့်ဆုံးလယ်ဗယ်ကို မြင့်တက်ခဲ့သည်။ အဆိုပါ လ ၂၀ ကာလတွင် ကမ္ဘာ့ရေနံဈေးနှုန်းများက မရပ်မနား တက်နေခဲ့ပြီး ကနဦးရရှိထားခဲ့သည့် တိုးတက်မှုများကို တိုက်စားနေခဲ့ကြောင်း Dawn က ဖော်ပြသည်။

တချိန်တည်းမှာပင် လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ၊ သစ်သီးများနှင့် အသားတို့၏ ဈေးနှုန်းများက အဓိကကျသည့် မြို့ပြနှင့် ကျေးလက်ဒေသများတွင် ဆက်တိုက် မြင့်တက်နေခဲ့သည်။

ဇူလိုင်-နိုဝင်ဘာ ကာလအတွင်း ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်းက နှစ်အလိုက် အခြေခံအားဖြင့် ၉ ဒသမ ၃၂ ရာခိုင်နှုန်းကို မြင့်တက်ခဲ့သည်။

စိုက်ပျိုးရေးထုတ်ကုန်များ၏ ဈေးနှုန်းများ ကျဆင်းမှုကြောင့် ၂၀၂၀ ဖေဖေါ်ဝါရီလတွင် ငွေကြေးဖောင်းပွမှုနှုန်းသည် ၁၂ ဒသမ ၄ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့ပြီးနောက် ယင်းသည် ပြန်လည် စတင်ကျဆင်းခဲ့သည်။ သို့သော် ထိုလားရာက ယခုအခါ ပြောင်းပြန်ဖြစ်နေခဲ့ပြီး ရေနံထုတ်ကုန်များ၏ ဈေးနှုန်းများ တက်မှုကြောင့် ယင်းက ပြန်လည်မြင့်တက်နေခဲ့ခြင်းဖြစ်သည်။

၂၀၂၀-၂၁ တွင် နှစ်အလိုက် CPI ငွေကြေးဖောင်းပွမှုကို ၈ ဒသမ ၉၀ ရာခိုင်နှုန်းဖြင့် မှတ်တမ်းတင်ထားခဲ့ပြီး ယင်းကို ယခင်နှစ်က ၁၀ ဒသမ ၇၄ ရာခိုင်နှုန်းဖြင့် နှိုင်းယှဥ်နိုင်သည်။

လက်ရှိတွင် ပါကစ္စတန် အစိုးရသည် စိုက်ပျိုးရေး ချေးငွေများ ကမ်းလှမ်းခြင်းအားဖြင့် စားနပ်ရိက္ခာ ကုန်ဈေးနှုန်းတက်မှုကို တန်ပြန်ရန်အလို့ငှာ စားစရာ ဖူလုံမှုနှင့် မိမိဘာသာ လုံလောက်နိုင်မှုတို့အတွက် စိုက်ပျိုးရေးဆိုင်ရာ ထုတ်လုပ်မှုကို တိုးမြှင့်ရန် ရည်မှန်းလုပ်ဆောင်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly