နယူးဇီလန်သည် တရုတ်အမျိုးသားရေးဝါဒ၏ စိန်ခေါ်မှုကို ရင်ဆိုင်နေရသည်ဟု ကာကွယ်ရေး အစီရင်ခံစာတွင် သတိပေး

နယူးဇီလန်သည် တရုတ်အမျိုးသားရေးဝါဒ၏ စိန်ခေါ်မှုကို ရင်ဆိုင်နေရသည်ဟု ကာကွယ်ရေး အစီရင်ခံစာတွင် သတိပေး

တရုတ် အင်အားကြီးမားလာခြင်းနှင့် ပြင်းထန်လာသော အမျိုးသားရေး လှုံ့ဆော်ဝါဒဖြန့်မှုများကြောင့် ပိုမို စိန်ခေါ်မှုများနှင့် ရှုပ်ထွေးသော မဟာဗျူဟာမြောက် ပတ်ဝန်းကျင်ကို အများအပြား ရင်ဆိုင်နေရကြောင်း နယူးဇီလန် ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ခိုင်မာ ပြတ်သားသော အစီရင်ခံစာတွင် ဖော်ပြထား သည်။

ရှင်းလင်းပြတ်သားသော သတိပေးချက်တစ်ရပ်အား ဒီဇင်ဘာ ၈ရက်က ထုတ်ပြန်လိုက်ရာတွင် တရုတ်၏ စစ်ရေး အရ ခေတ်မီ အောင် လုပ်ဆောင်နေခြင်းကို အသေးစိတ် ဆွေးနွေးချက်တစ်ခု ပါဝင်ပြီး နယူးဇီလန်၏ နက်နဲသော လုံခြုံရေး ဆက်ဆံရေးတွင် အမေရိကန်၊ ဗြိတိန်၊ ကနေဒါနှင့် ဩစတြေးလျတို့ကဲ့သို့သော နိုင်ငံများနှင့် ဆက်ဆံရေး အရေးကြီးကြောင်း အလေးပေးဖော်ပြခဲ့သည်။

“နယူးဇီလန်ရဲ့ ဗဟာဗျူဟာမြောက် ပတ်ဝန်းကျင်မှာ အပြောင်းအလဲတွေရဲ့ လှပလေးနက်တဲ့ ရုပ်ပုံလွှာကို ပုံဖော်ထားပါတယ်” ဟု မဟာဗျူဟာလေ့လာမှုဝယ်လင်တန်စင်တာ၏ ဝိတိုရိယတက္ကသိုလ်မှ ဒါရိုက်တာ ပါမောက္ခ ဒေးဗစ်ကပိက ပြောကြားခဲ့သည်။

“တောင်ပစိဖိတ်ဒေသက အခြားခေတ်ရေစီးပြဿနာတွေကနေ နောက်ကျန်ရစ်ခဲ့တဲ့နေရာ မဟုတ်တော့ပါဘူး။ ဒါပေမယ့် ပိုကျယ်ပြန့်တဲ့ အင်ဒို-ပစိဖိတ်ဒေသမှာ ကျွန်တော်တို့ မြင်တွေ့ခဲ့ရတဲ့ စိန်ခေါ်မှုအချို့က အခု ကျွန်တော်တို့နဲ့ ပိုနီးကပ်လာပါပြီ”

နယူးဇီလန်သည် ပစိဖိတ်နောက်ဖေးတွင် အမေရိကနှင့် တရုတ်အကြား မဟာဗျူဟာပြိုင်ဆိုင်မှုကို မည်ကဲ့သို့ စီမံခန့်ခွဲရမည်ကို အပြင်းအထန်ဆွေးနွေးနေစဉ် ယခု အစီရင်ခံစာထွက်ပေါ်လာခြင်းဖြစ်သည်။

နယူးဇီယန်ရှိ အရာရှိများနှင့် လေ့လာသူများသည် မကြာသေးမီနှစ်များအတွင်း တရုတ်နှင့် ပတ်သက်ပြီး ပိုမိုတင်းမာသော ရှုမြင်သုံးသပ်မှုများ ပြုလုပ်ခဲ့ကြပြီး အမေရိကန်နှင့် ပိုမိုနီးကပ်သော လုံခြုံရေးမိတ်ဖက်ပြုရန် တွန်းအားပေးခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly