ထိုင်ဝမ်နှင့် ဆက်ဆံရေးတိုးမြှင့်ရန် အသင့်ဖြစ်နေပြီဟု ဆလိုဗက်ကီးယား ဝန်ကြီးပြောကြား

ထိုင်ဝမ်နှင့် ဆက်ဆံရေးတိုးမြှင့်ရန် အသင့်ဖြစ်နေပြီဟု ဆလိုဗက်ကီးယား ဝန်ကြီးပြောကြား

ဆလိုဗက်ကီးယား လက်ထောက်စီးပွားရေးဝန်ကြီး ကာရိုး ဂါလက်ခ်က ဆလိုဗက်ကီးယားအနေဖြင့် ထိုင်ဝမ်ကို ထောက်ခံပြီး ဒီဇင်ဘာ ၆ရက်က တိုင်ပေတွင် ပထမဆုံးပြုလုပ်သော စီးပွားရေး တွေ့ဆုံဆွေးနွေးမှု အတွင်း နှစ်နိုင်ငံ စီးပွားရေးနှင့် ကုန်သွယ်မှု ဆက်ဆံရေး ပိုမိုနီးကပ်စေရန် အဆင်သင့်ရှိကြောင်း ပြောကြားခဲ့ သည်ဟု ပြည်တွင်းမီဒီယာများက ဖော်ပြသည်။

ဆလိုဗက်ကီးယား စီးပွားရေး ဝန်ကြီးဌာန၏ အတွင်းရေးမှူး ကာရိုးဂါလက်ခ်က ထိုင်ဝမ်သည် အာရှနိုင်ငံများ အနက် ဆလိုဗက်ကီးယား၌ ဒုတိယအများဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်ပြီး ယခုအချိန်အထိ အလုပ်အကိုင်ပေါင်း ၃၀ဝဝ ဖန်တီးပေးထားကြောင်း ဒီဇင်ဘာ ၆ရက်က ကျင်းပသည့် ထိုင်ဝမ်-ဆလိုဗက်ကော်မရှင်၏ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးပွဲဖွင့်ပွဲတွင် ၎င်းက မိန့်ခွန်းပြောကြားခဲ့ကြောင်း Focus Taiwan မှ ဖော်ပြခဲ့သည်။

ငယ်ရွယ်သော ကစားသမားတစ်ဦးသည် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုတွင် ကမ္ဘာခေါင်းဆောင် တစ်ဦး ဖြစ်လာနိုင်သည့် အောင်မြင်သောဥပမာတစ်ခုအဖြစ် ထိုင်ဝမ်ကို ချီးကျူးဂုဏ်ပြုရင်း အဆိုပါအစည်းအဝေးသည် ကျယ်ပြန့်သောဆွေးနွေးမှုများကို ယူဆောင်လာမည်ဟု အခိုင်အမာယုံကြည်ကြောင်းနှင့် နှစ်ဖက်စလုံးမှ အနာဂတ်စီးပွားရေးအလားအလာများကို အကောင်းဆုံးဖန်တီးနိုင်စေမည်ဖြစ်ကြောင်း ဂါလက်ခ်က ပြောကြားခဲ့သည်။

ဂါလက်ခ်သည် ထိုင်ဝမ်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (NDC) အကြီးအကဲ ကူမင်ဆင်နှင့်လည်း ဒီဇင်ဘာ ၆ရက် အစောပိုင်းတွင် တွေ့ဆုံခဲ့သည်။ စမတ်မြို့များ၊ အာကာသစက်မှုလုပ်ငန်း၊ အီးလက်ထရောနစ် မော်တော်ယာဉ်များနှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းကဏ္ဍများအပါအဝင် အနာဂတ်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အလားအလာများကို ဆွေးနွေးခဲ့ကြသည်ဟု Focus Taiwan မှ ဖော်ပြခဲ့သည်။

"ဆလိုဗက်ကီးယားသည် ထိုင်ဝမ်အတွက် ကောင်းမွန်သော အချိန်ကာလ အတွက်သာမက ခက်ခဲသော ကာလများတွင်လည်း အတူရပ်တည်ပေးမည့် မိတ်ဖက်ဖြစ်လာရန် အဆင်သင့်ဖြစ်နေပါပြီ" ဟု ၎င်းက ဖြစ်ပွားနေသော ကိုဗစ်-၁၉ ကပ်ရောဂါကို ရည်ညွှန်းကာ ပြောကြားခဲ့သည်။

"ဆလိုဗက်ကီးယားက ထိုင်ဝမ်ကို ထောက်ခံပါတယ်" ဆိုသော စကားကို ဂါလက်ခ်က မိန့်ခွန်း နိဂုံးချုပ်တွင် မန်ဒရင် တရုတ်ဘာသာဖြင့်လည်း ထည့်သွင်းပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly