ဘင်္ဂလားဒေ့ရှ် တက်ကြွလှုပ်ရှားသူများက တရုတ်နိုင်ငံမှ လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် စိုးရိမ်ကြောင်း ဆန္ဒဖော်ထုတ်

ဘင်္ဂလားဒေ့ရှ် တက်ကြွလှုပ်ရှားသူများက တရုတ်နိုင်ငံမှ လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် စိုးရိမ်ကြောင်း ဆန္ဒဖော်ထုတ်

ဘင်္ဂလားဒေ့ရှ်ရှိ တက်ကြွလှုပ်ရှားသူများနှင့် NGO အဖွဲ့အစည်းများက ဒီဇင်ဘာ ၁၀ ရက်တွင်ကျရောက်သော ကမ္ဘာ့လူ့အခွင့်အရေးနေ့တွင် တရုတ်နိုင်ငံ၊ ပါကစ္စတန်နှင့် ကမ္ဘာ့အခြားဒေသများရှိ လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် အလေးအနက် စိုးရိမ်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းကို ကုလသမဂ္ဂ အထွေထွေညီလာခံ (UNGA) မှ ကြေညာခဲ့သည်။

ဘင်္ဂလားဒေ့ရှ် လူမှုဆိုင်ရာတက်ကြွလှုပ်ရှားသူများဖိုရမ်သည် ကမ္ဘာတစ်ဝှမ်းရှိ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆန့်ကျင်ကန့်ကွက်ရန် အထူးသဖြင့် တရုတ်နိုင်ငံရှိ ဝီဂါများနှင့် ပါကစ္စတန် ဘာလိုချီစတန်ရှိပြည်သူများ အခြေအနေကို မီးမောင်းထိုးပြရန်မြင်းလှည်းများစုဝေးချီတက်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ကမ္ဘာ့လူ့အခွင့်အရေးနေ့၏ အရေးပါမှုကို သတိမူမိရန်ရန်နှင့် မီးမောင်းထိုးပြရန် မြင်းလှည်းများ စုဝေးချီတက်ပွဲကို ဒါကာမြို့တစ်လွှားတွင် ပြုလုပ်ခဲ့သည်။

Bharat Bangladesh Sampreeti Sangsad (BBSS) လူမှုဖူလုံရေးအသင်းသည် မီဒီယာသမားများ၊ အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များ၊ ကျောင်းများ၊ ကောလိပ်များနှင့် တက္ကသိုလ်များမှ ကျောင်းသားကျောင်းသူများ ပါဝင်လျက် လူ့အခွင့်အရေးနေ့အထိမ်းအမှတ်အဖြစ် စက်ဘီးစီးချီတက်ပွဲကို ကျင်းပခဲ့ကြသည်။

ရှင်ကျန်းနှင့် ဘာလူချီစတန်တို့တွင် ဖြစ်ပွားနေသည့် အစွန်းရောက် လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြင်းပြင်းထန်ထန် ရှုတ်ချကန့်ကွက်ခဲ့ကြသည်။ ကုလသမဂ္ဂမှ ကြားဝင်စွက်ဖက်မှုဖြင့် ဘာလော့ခ်နှင့် ဆင်းဒီလူမျိုးများ၏ အခွင့်အရေးများကို အကာအကွယ်ပေးရန်လည်း တောင်းဆိုခဲ့သည်။

Confidence Poverty Alleviation Welfare Organization (CPAWO) အဖွဲ့က ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးများ အကောင်အထည်ဖော်ရေးကို တောင်းဆိုကာ ခွန်လန်ရှိ Hadith ပန်းခြံရှေ့တွင် လူထုစည်းဝေးပွဲတစ်ရပ်ကို ဦးဆောင်ပြုလုပ်ခဲ့သည်။

လူ့အခွင့်အရေးအဖွဲ့ Jongibad Pratiroadh Andolan Bangladesh (JPAB) ကလည်း ဘာလိုချီစတန်တွင် ပါကစ္စတန်စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုနှင့် တရုတ်နိုင်ငံရှိ ဝီဂါမွတ်စလင်များအပေါ် ဖိနှိပ်မှုကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် စစ်တကောင်းစာနယ်ဇင်းကလပ်ရှေ့တွင် နောက်ထပ်လူထုစုဝေးပွဲတစ်ခု ပြုလုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required