လက်နက်ကြီးကျည်ထပ်ကျပါက ပြန်လည်ပစ်ခတ်မည်ဟုထိုင်းဘက်မှသတိပေးထားဟုဆို

လက်နက်ကြီးကျည်ထပ်ကျပါက ပြန်လည်ပစ်ခတ်မည်ဟုထိုင်းဘက်မှသတိပေးထားဟုဆို
(ဓာတ်ပုံ-ကိုရဲမင်း)

ဒီဇင်ဘာလ ၁၇ ရက်

စစ်ကောင်စီဘက်မှပစ်ခတ်သည့် လက်နက်ကြီးကျည်များထပ်မံကျရောက်လာပါက ပြန်လည်ပစ်ခတ်မည်ဟု ထိုင်းနိုင်ငံဘက်မှ သတိပေးထားကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်တစ်ခုအရသိရသည်။ 

ဒီဇင်ဘာ ၁၆ ရက်နေ့နှင့် ၁၇ ရက်နေ့တို့တွင် စစ်ကောင်စီဘက်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်ဆံများ ထိုင်းဘက်အခြမ်းသို့ ကျရောက်ခဲ့သည့်နောက် ယခုကဲ့သို့သတိပေးလာခြင်းဟု KNU တာဝန်ရှိသူတစ်ဦးကပြောသည်။

 “ ဒီထက်များလာရင် သူတို့ပြန်ပစ်မယ်လို့ပြောတယ်။ ဘာလို့ဆို ဟိုက်ဘက်ကမ်းကို လက်နက်ကြီးတွေ တအားကျတယ်လို့ပြောတယ်။ ကျွန်တော်တို့ စစ်ရှောင်တွေလည်း ထွက်ပြေးရတာရှိတာကိုး ” ဟု ၎င်းကဆိုသည်။ 

ထိုင်းလူမျိုးများ၏ အသက်နှင့် အိုးအိမ် စည်းစိမ် လုံခြုံမှုကို ထိခိုက်ခြင်းရှိလာပါကလက်တုံ့ပြန်သွားမည်ဟု ထိုင်းအာဏာပိုင်များမှ ပြောဆိုခဲ့သည်ဟုဆိုသည်။ 

အလားတူ အဆိုပါလက်နက်ကြီးကြောင့် စစ်ဘေးရှောင်တစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ယင်းနောက် ထိုင်းတပ်မတော်အနေဖြင့် နယ်စပ်တစ်လျှောက် စစ်တပ်များဖြန့်ကျက်ချထားပြီး ကင်းလှည့်မှု့များပြုလုပ်နေခဲ့သည်။

- ထိုင်း-မြန်မာနယ်စပ်တွင် ထိုင်းစစ်တပ်မှကင်းလှည့်နေစဉ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly