မြောက်ဥက္ကလာ (ဌ) ရပ်ကွက်ရှိ စကစတပ်ကို တိုက်ခိုက်သော ဗုံးပေါက်ကွဲမှုများဖြစ်

မြောက်ဥက္ကလာ (ဌ) ရပ်ကွက်ရှိ စကစတပ်ကို တိုက်ခိုက်သော ဗုံးပေါက်ကွဲမှုများဖြစ်

ဒီဇင်ဘာလ ၁၇ ရက်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ( ဌ ) ရပ်ကွက်၊စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲထားရာနေရာအနီးတွင် မိုင်းတစ်လုံးပေါက်ကွဲပြီး စစ်ဆေးရန်ရောက်လာသူများကိုလည်း ချိန်ရွယ်ဖောက်ခွဲမှုထပ်မံဖြစ်ပေါ်ခဲ့သည်။

ဘထရ ကွင်းဘေး၊ ကားကြီးဂိတ်မှတ်တိုင်အနီးတွင် နေ့လယ် ၂ နာရီ၂၀ မိနစ်အချိန်တွင် အဝေးထိန်းမိုင်းတစ်လုံးဖောက်ခွဲခဲ့ပြီး နောက်ထပ် ၂၅ မိနစ်ခန့်တွင် စစ်ဆေးရန်ရောက်လာသည့် စစ်ကောင်စီတပ်ကားနှစ်စီးအား ထပ်မံဖောက်ခွဲခဲ့ခြင်းဖြစ်သည်ဟု ပြောက်ကျားတပ်က မဇ္ဈိမသို့ပြောသည်။ 

"သူတို့အဲဒီ့မှာတပ်ဆွဲထားတာကြာပြီ။ ဆန္ဒတွေပြပြီးလမ်းတွေစပိတ်တဲ့အချိန်ကတည်းက၊ (၄) လပိုင်းဝန်းကျင်ကတည်းကတပ်စွဲထားတာ၊ပထမဆုံးရှေ့ပြေး အဝေးထိန်းတစ်လုံးခွဲတယ်၊DC (Double Cab) နှစ်စီးကစစ်ဆေးဖို့ရောက်လာတဲ့အချိန်မှာ ဒုတိယအလုံးကို ထပ်ခွဲလိုက်တယ်၊ ထိခိုက်မှုတော့ရှိနိုင်တယ်"ဟု အာဏာသိမ်းဆန့်ကျင်ရေးနှင့် ပြည်သူလွတ်မြောက်ရေးအဖွဲ့ (ACPLF)အဖွဲ့ကပြောသည်။

အဆိုပါလုပ်ဆောင်မှုကို ACPLF - အဆပလ အဖွဲ့၊တောင်ပိုင်းပြည်သူ့ကာကွယ်ရေးအင်အားစုအဖွဲ့ (SSUG)၊ မြောက်ဥက္ကလာပအထူးပြောက်ကျားတပ်ဖွဲ့ (NGF)တို့ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ဖော်ပြောသည်။

ဒီဇင်ဘာလ ၁၆ရက်နေ့တွင်လည်း ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ၊ မြို့ဦးရိပ်မွန်လမ်းပေါ်   တောင်၊ မြောက်လမ်းဆုံအနီး ရဲစခန်းအတွင်းရှိ ရဲဝန်ထမ်းလိုင်းခန်းအား ဗုံးနှစ်ကြိမ်ဖောက်ခွဲတိုက်ခိုက်ခဲ့သေးသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required