စစ်ကောင်စီတပ်များ ပါကစ္စတန်တွင် မိုင်းရှင်းလင်းရေးသင်တန်းသွားတက်မည်

စစ်ကောင်စီတပ်များ ပါကစ္စတန်တွင် မိုင်းရှင်းလင်းရေးသင်တန်းသွားတက်မည်

ဒီဇင်ဘာလ ၁၇ ရက်

မြန်မာစစ်ကောင်စီတပ်နှင့် ပါကစ္စတန်တပ်မတော်တို့အကြား စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများလုပ်နေရာ စစ်ကောင်စီတပ်အတွက် မိုင်းရှင်းလင်းရေးသင်တန်းတစ်ခုကို ပါကစ္စတန်တွင် သွားရောက်သင်ယူရမည်ဖြစ်ကြောင်း နေပြည်တော်ရှိ စစ်ဘက်သတင်းရင်းမြစ်များက မဇ္ဈိမသို့ပြောသည်။

အာဏာသိမ်းစစ်ကောင်စီတပ်မှ အရာရှိ ၃၀ ဦးနှင့် အခြားအဆင့် ၁၅ ဦးပါဝင်သော အုပ်စုသည် ပါကစ္စတန်တွင် ဖေဖော်ဝါရီ ၇ ရက်၊ ၂၀၂၂ ခုနှစ်မှ မေလ ၆ ရက်၊ ၂၀၂၂ ခုနှစ်အထိ သုံးလကြာသင်တန်းသွားတက်ကြမှာဖြစ်သည်။

ထို့အပြင် ပါကစ္စတန်စစ်တပ်ကိုယ်စားလှယ်အဖွဲ့တစ်ခုလည်း မြန်မာပြည်သို့ ဒီဇင်ဘာ ၃ ရက်နေ့က ရောက်ရှိလာခဲ့ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ်တို့တွင် တော်လှန်ရေးတပ်ဖြစ်သည့် ရက္ခိုင့်တပ်တော် (AA) က ထောင်ထားသော မိုင်းများရှင်းလင်းရာတွင် အထောက်အကူပေးရန် ဆွေးနွေးခဲ့ကြသည်ဟု သတင်းရင်းမြစ်များက ပြောသည်။

ပါကစ္စတန်စစ်တပ်သည် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ပလက်၀မြို့များတွင် မိုင်းရှင်းလင်းရေးအတွက် အကူညီပေးရန် သဘောတူထားကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required