မြောက်ဒဂုံမြို့နယ်တွင် နေအိမ်နှင့် သွယ်ထားသည့် မီးကြိုးများကို စစ်တပ်နှင့် EPC ဝန်ထမ်းများက လိုက်လံဖြတ်တောက် ဟုဆို

မြောက်ဒဂုံမြို့နယ်တွင် နေအိမ်နှင့် သွယ်ထားသည့် မီးကြိုးများကို စစ်တပ်နှင့် EPC ဝန်ထမ်းများက လိုက်လံဖြတ်တောက် ဟုဆို

ဒီဇင်ဘာလ ၁၇ ရက်

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် (၃၅) ရပ်ကွက်ရှိ လမ်းများတွင် ယနေ့ ဒီဇင်ဘာလ ၁၆ ရက် နံနက် ၁၁ နာရီ ဝန်းကျင်က စစ်ကောင်စီတပ်ဖွဲ့နှင့် EPC လျှပ်စစ်ဝန်ထမ်းများက နေအိမ်များတွင် သွယ်ထားသည့် မီးကြိုးများကို လိုက်လံဖြတ်တောက်နေကြောင်း ဒေသခံများထံက သိရသည်။ 

" ခွေးကား(စစ်ကောင်စီကား) Double cap ငါးစီးနဲ့ ပတ်နေတာ။ အရပ်ဝတ်နဲ့ EPC ကဟာတွေလည်းပါတယ် ။ စစ်ကောင်စီတပ်က ကောင်တွေ သေနတ်တကားကားနဲ့ ဘေးမှာစောင့်ပေးနေတာ။ စောလှဘော်လမ်းကို ဖြတ်နေတာတွေ့တယ်။ လမ်းထိပ်က မိန်းချသွားတယ်။တချို့ကတော့ တိုင်ကမီတာပုံးကနေ ကြိုးလေးဖြုတ်သွားတယ်။ ကြိုးလည်းဖြတ်တယ်လို့လည်းပြောတယ် ။ မီတာဆောင်တဲ့အိမ်တွေရော၊ မဆောင်တဲ့အိမ်တွေရောဖြတ်တာ "ဟု ဒေသခံက မဇ္ဈိမကို ပြောသည်။ 

ယမန်နေ့ နံနက်ပိုင်းကလည်း သင်္ဃန်းကျွန်းမြို့နယ် စံပြရပ်ကွက်တွင် မီတာမဆောင်သည့် နေအိမ်များအား မီးလိုက်လံ ဖြတ်‌တောက်နေကြောင်း သိရသည်။ 

ယင်းကဲ့သို့ မီးဖြတ်တောက်ခံရမှုတွင် မီတာခ ပေးဆောင်နေသည့် နေအိမ်များလည်း ပါဝင်ကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required