ခရမ်းမြို့နယ်ရှိ ရဲစခန်းနှင့် အားကစားရုံကို PDF က ၄၀ မမဗုံးသီးဖြင့်ပစ်ခတ်တိုက်ခိုက်

ခရမ်းမြို့နယ်ရှိ ရဲစခန်းနှင့် အားကစားရုံကို PDF က ၄၀ မမဗုံးသီးဖြင့်ပစ်ခတ်တိုက်ခိုက်

ဒီဇင်ဘာလ ၁၇ ရက်

ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ်ရှိ ဘုရားပျိုရဲစခန်းနှင့် အားကစားရုံတို့အား ၄၀ မမ ဗုံးသီးပစ်လောင်ချာဖြင့် ယမန်နေ့ညက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံ PDFတပ်ဖွဲ့ကပြောသည်။

ည ၇ နာရီ ၃၀ မိနစ်တွင် ဘုရားပျိုရဲစခန်းအားလည်းကောင်း၊ ည ၉ နာရိ ၁၀ မိနစ်တွင် အားကစားရုံအားလည်းကောင်း ပစ်ခဲ့သည်ဟုဆိုသည်။ 

"ကျွန်တော်တို့ရဲစခန်းကို ၄၀ မမ နဲ့အရင်ပစ်တာ။ အဲဒီမှာ အပြန်အလှန်ပစ်တာ မိနစ်၂၀လောက်တော့ကြာတယ်။ ပီးတော့ စစ်ကူလာတဲ့စစ်ကားငါးစီးကို မိုင်းထပ်ဆွဲတယ်၊ မအောင်မြင်သွားဘူး။ အားကစားရုံကိုလည်း ၄၀မမ တစ်လုံးပစ်လိုက်တယ်။" ဟု ခရမ်း PDF ကပြောသည်။

ခရမ်းမြို့နယ်အတွင်း အာဏာသိမ်းတပ်၏ပစ်မှတ်များကို တိုက်ခိုက်လေ့ရှိနေသော PDF က ပစ်ခတ်ချိန်တွင် အားကစားရုံတွင် စစ်ကောင်စီလက်နက်ကိုင် ၄၀ ခန့်ရှိသည်ဟု ခန့်မှန်းထားသည်။

" ထိခိုက်မှုအတိအကျကတော့ မှောင်နေတော့ သေချာမသိဘူး။ မနက်ကသတင်းရလောက်ကတော့   သေချာတာကတော့ အနည်းဆုံး ငါးကောင်လောက်တော့သေမယ်။ မနက်ကရထားတဲ့သတင်းပါအတည်ပြုနိုင်အောင် ဆက်စုံစမ်းနေပါတယ် "ဟု ပြောက်ကျားတပ်သားကပြောသည်။

ည ၁၀ နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်က ဘုရားပျိုရွာရှိအိမ်များကို အင်အား ၄၀ ခန့်ဖြင့် ဧည့်စာရင်းဝင်စစ်ပြီး လူရှစ်ဦးကိုဖမ်းဆီးသွားခဲ့သည်။ အားကစားရုံပေါက်ကွဲမှုဖြစ်စဥ်တွင်လည်း ဒေသခံ နှစ်ဦးကိုဖမ်းဆီးခဲ့ပြီး ယခုချိန်ထိပြန်မလွှတ်သေးကြောင်း သိရသည်။

ယနေ့နံနက် ၆နာရီခန့်မှ စတင်ကာ မြို့အဝင်အထွက်လမ်းများကို ပိတ်လိုက်ပြီး မြို့ထဲသို့ယာဉ်များဝင်ရောက်မှုကို တင်းကြပ်လိုက်သည်။

ဒီဇင်ဘာလ ၅ ရက်နေ့ကလည်း ရန်ကုန်တိုင်း ခရမ်းမြို့ နယ်မြို့မရဲစခန်းနှင့် ပညာရေးမှုးရုံးတို့အား  ပြောက်ကျားတပ်ဖွဲ့က အဝေးထိန်းမိုင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာအနည်းဆုံး ရဲသုံးဦးသေဆုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required