လှည်းကူးတွင် Covid- 19 အတည်ပြုလူနာ ၃ ဦးတွေ့

လှည်းကူးတွင် Covid- 19 အတည်ပြုလူနာ ၃ ဦးတွေ့
ဓာတ်ပုံ- ကရုဏာရှင်အသင်း၊ လှည်းကူး။

ဒီဇင်ဘာလ ၁၇ ရက်

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ပိုက်ကြီးဝဲကျေးရွာတွင် Covid- 19 အတည်ပြုလူနာ သုံးဦးတွေ့ရှိကြောင်း လှည်းကူးမြို့နယ် အခြေစိုက် ကရုဏာရှင် လူမှုကူညီရေးအသင်းထံမှ သိရသည်။

အဆိုပါ Covid- 19 ပိုးတွေ့လူနာ သုံးဦးမှာ အမျိုးသား တစ်ဦး၊ အမျိုးသမီး နှစ်ဦးတို့ဖြစ်ပြီး ၎င်းတို့ကို လှည်းကူး မြို့နယ်၊ ပိုက်ကြီးဝဲကျေးရွာမှ အင်းစိန်မြို့နယ်၊ အောင်ဆန်းဆေးရုံရှိ Covid- 19 ကုသစင်တာသို့ ဒီဇင်ဘာလ ၁၆ ရက်နေ့က ပို့ဆောင်ပေးခဲ့ကြောင်း အဆိုပါ အသင်းထံမှ သိရသည်။

စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာန၏ ယမန်နေ့ည ၈ နာရီ ထုတ်ပြန်ချက်တွင်မူ လှည်းကူးမြို့၌ တောင်ကိုးရီးယားနိုင်ငံမှ ပြန်လည်ရောက်ရှိလာပြီး အသွားအလာ ကန့်သတ်ထားသူ တစ်ဦးတွင် Covid- 19 ပိုးတွေ့ရှိကြောင်း ထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required