ကျောက်ထုလေယာဉ်ကွင်းကို စစ်ကောင်စီတပ်က မွမ်းမံနေ

ကျောက်ထုလေယာဉ်ကွင်းကို စစ်ကောင်စီတပ်က မွမ်းမံနေ

ဒီဇင်ဘာ ၊ ၁၅

မကွေးတိုင်းဒေသကြီးအတွင်းရှိ ကျောက်ထုမြို့လေယာဉ်ကွင်းအတွင်း လေယာဉ်ပြေးလမ်းများမွမ်းမံခြင်းကို စစ်ကောင်စီတပ်ကလုပ်ဆောင်နေကြောင်း ဒေသခံများကပြောသည်။

""ကျောက်ထုလေယာဉ်ကွင်းနားကိုဘယ်သူမှသွားမရတော့ဘူး။ စစ်ဆေးအရမ်းများတယ်။ဒီလေယာဉ်ကွင်းကအသုံးမပြုတာကြာပြီ။ ...အခုစစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းမှရဟတ်ယာဉ်တွေဆင်းလိုက်၊လေယာဉ်တွေဆင်းလိုက်ပြန်ဖြစ်နေတာ"ဟု ကျောက်ထုဒေသခံတစ်ဦးကပြောသည်။

နေ့စဉ် လမ်းများ ပိတ်ဆို့ကာ၊ကတ္တရာပေပါများကိုသယ်ဆောင်နေပြီး လေယာဉ်ပြေးလမ်းများကို ကတ္တရာခင်းခြင်းလုပ်ဆောင်နေသည်ဟု သိရသည်။

စစ်ကောင်စီတပ်များက ကျောက်ထုလေယာဉ်ကွင်းကိုအခြေပြုပြီး မင်းတပ်၊ မတူပီနှင့်ပလက်ဝဘက်ခြမ်းကိုစစ်ဆင်ရေးဆင်နွဲရာတွင် တထောက်နားသည့်နေရာအဖြစ်အသုံးပြုပြီး၊ ယောဒေသဘက်ခြမ်းစစ်ဆင်ရေးတွင်လည်း အဆိုပါကျောက်ထုလေယာဉ်ကွင်းမှ ညဘက်ဒရုန်းများအသုံးပြုပြီးထောက်လှမ်းနေသည်ဟု ဌာနဆိုင်ရာသတင်းရင်းမြစ်တစ်ခုအရသိရသည်။

အဆိုပါလေယာဉ်ကွင်းအား ကာကွယ်ရေးဝန်ကြီးဌာနမှ စစ် ဘက်ဆိုင်ရာလေယာဉ်ကွင်း အဖြစ် အသုံးပြုရန် လွှဲပြောင်းရယူခွင့်အား နိုင်ငံတော် နိုင်ငံတော်သမ္မတ ရုံးသို့ ၁၄.၉.၂ဝ၁၆ နေ့က တင်ပြ ထားခဲ့ပြီး လေယာဉ်ကွင်းတည် နေရာမှာ မြန်မာနိုင်ငံအနောက် ဘက်ပိုင်းရှိ အိန္ဒိယနိုင်ငံနှင့် ဆက်စပ်နေသဖြင့် မဟာဗျူဟာ အရ အရေးပါသည့်နေရာအဖြစ် နောင်အနာဂတ်လုံခြုံရေးဆိုင်ရာ လိုအပ်ချက်များအရ ကာကွယ် ရေးဝန်ကြီးဌာနမှ တောင်းခံ ခဲ့ခြင်းဖြစ်ကာ ၁ဝ.၁ဝ.၂ဝ၁၆ နေ့ ကပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနက သဘောတူညီခဲ့ ပြီးဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly