ခြေစွာသူတွေကို နှစ်ရှည်ထောင်ချထား...ရွေးကောက်ပွဲ လုပ်မယ် (ဆောင်းပါး)

16 December 2021
ခြေစွာသူတွေကို နှစ်ရှည်ထောင်ချထား...ရွေးကောက်ပွဲ လုပ်မယ် (ဆောင်းပါး)

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ကို လေးနှစ်ကနေ နှစ်နှစ်လျော့ပြီး နောက်ထပ်အမှုတွေက ထပ်စွဲထားတုန်း ဖြစ်ပါတယ်။ ထို့နည်းတူ NLD ပါတီခေါင်းဆောင်ပိုင်းနဲ့ အစိုးရခေါင်းဆောင်ပိုင်းတွေကိုတော့ နှစ်ပိုများတဲ့ ထောင်ဒဏ်တွေ ချမှတ်နေတာကကောလို့ မေးစရာ ရှိလာနိုင်ပါတယ်။ ဘာကြောင့် ထောင်ဒဏ်တွေ မလျော့ပေါ့ပေးတာလဲလို့ စောဒက တက်စရာ ရှိပါတယ်။
နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံနေရတဲ့ ဒေါ်နန်းခင်ထွေးမြင့် အပါအဝင် ကျန် တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်တွေဟာ သူတို့ ဦးဆောင်အုပ်ချုပ်ခဲ့တဲ့ ဒေသတွေမှာ လူချစ်လူခင် ပေါများသလို လူထုထောက်ခံမှု မြင့်မြင့်မားမား ရထားသူတွေချည်း ဖြစ်ပါတယ်။ ဒလို ထောက်ခံမှုရတာဟာလည်း သူတို့ အုပ်ချုပ်ခဲ့စဉ်က လူထုကို မျက်နှာမူပြီး ခြေစွာစွာနဲ့ လူထုအကျိုး သယ်ထမ်းပိုးခဲ့တာကြောင့် ဖြစ်ပါတယ်။ ဒီသူတွေဟာ NLD အစိုးရလက်ထက်က မူဝါဒရေးရာ ချမှတ်သူတွေလည်း ဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်တို့၊ ဦးဝင်းမြင့်တို့နဲ့မတူတာက ဒီမူဝါဒတွေကို မြေပြင်မှာ လက်တွေ့အကောင်အထည်ဖော်နေကြသူတွေလည်း ဖြစ်ကြပါတယ်။ လက်တွေ့မြေပြင်မှာ ခြေစွာစွာနဲ့ ကစားပြနိုင်သူတွေ ဖြစ်ပါတယ်။ ဒီသူတွေကို ဖမ်းဆီးထားရာကနေ အုံနဲ့ ကျင်းနဲ့ ပြန်လွှတ်ပေးလိုက်ရင် ကြုံ လာနိုင်တဲ့ အခြေအနေကို တားဆီးနိုင်တဲ့ အင်အား စစ်အုပ်စုဆီမှာ တစ်ပြားသားမှ မရှိပါဘူး။ ဒီ့အတွက်ကြောင့်လည်း အနိုင်သေချာ မယ်လို့ ယူဆထားတဲ့ ရွေးကောက်ပွဲ ကျင်းပပြီးရင်တောင် စစ်အုပ်စုဟာ နိုင်ငံရေးအရ ဖမ်းဆီးထားတဲ့ ခြေစွာသူတွေကို ပြန်လွှတ်ဖို့ဆို တာ မဖြစ်နိုင်သေးပါဘူး။ အချိန်ကာလတစ်ခုရောက်မှ၊ လုံးလုံး မလှုပ်နိုင်တော့မှ ပြန်လွှတ်ကောင်း လွှတ်ပေးပါလိမ့်မယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly