အိန္ဒိယတွင် တစ်နေ့လျှင် အောက်စီဂျင်အရည် ၈၇၇၈ မက်ထရစ်တန် ထုတ်လုပ်နိုင်

အိန္ဒိယတွင် တစ်နေ့လျှင် အောက်စီဂျင်အရည် ၈၇၇၈ မက်ထရစ်တန် ထုတ်လုပ်နိုင်

ထုတ်လုပ်သည့် လုပ်ငန်းများမှ နေ့စဉ်ပေးပို့သည့် အစီရင်ခံစာအပေါ်မူတည်၍ ရေနံနှင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများ ဘေးကင်းရေးဆိုင်ရာအဖွဲ့အစည်း(PESO) ၏ မှတ်တမ်းများအရ အိန္ဒိယနိုင်ငံ၏ နေ့စဉ် အောက်စီဂျင်အရည် ထုတ်လုပ်နို်ငမှုသည် ၈၇၇၈ မက်ထရစ်တန်အထိ ရှိကြောင်း ကျန်းမာရေးနှင့် မိသားစု ဖူလုံရေးဆိုင်ရာ ဝန်ကြီးဌာန၏ ဒီဇင်ဘာ ၃ ရက် အစီရင်ခံစာတွင် ဖော်ပြထားသည်။

အထက်ပါ ဆေးဘက်သုံး အောက်စီဂျင် ထုတ်လုပ်မှုအပြင် အိန္ဒိယက Pressure Swing Adsorption (PSA) စက်ရုံပေါင်း ၁၅၆၃ ရုံကိုလည်း တည်ဆောက်ထားရာတွင် PSA စက်ရုံ ၁၂၂၅ ရုံကို နို်ငငံတွင်းရှိ ခရိုင်မြို့နယ်တိုင်းတွင် ဝန်ကြီးချုပ်၏ ကျန်းမာရေးစောင့်ရှောက်မှု ရန်ပုံငွေဖြင့် တည်ဆောက်ခြင်း ဖြစ်သည်။

ထို့ပြင် နောက်ထပ် PSA စက်ရုံ ၂၈၁ ရုံကို ရေနံနှင့် သဘာဝဓာတ်ငွေ့ ဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ ကျောက်မီးသွေး ဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေး ဝန်ကြီးဌာနတို့မှ တည်ဆောက်ထားသလို နိုင်ငံခြားထောက်ပံ့ငွေများဖြင့်လည်း PSA ၅၇ ရုံတည်ဆောက်ထားသည်။

ပြည်နယ်များ၊ ပြည်ထောင်စုနယ်မြေများနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အောက်စီဂျင်ထုတ်လုပ်သူများကဲ့သို့ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိနှိုင်းတိုင်ပင်၍ ဆေးဘက်သုံး အောက်စီဂျင်များ ဖြန့်ဝေပေးရန် အားကောင်းပွင့်လင်းသည့် မူဘောင်တစ်ခုကိုလည်း ပြင်ဆင်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly