အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား သံတမန်ထူထောင်မှု နှစ် ၅၀ ပြည့်

15 December 2021
အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား သံတမန်ထူထောင်မှု နှစ် ၅၀ ပြည့်

ဘင်္ဂလားဒေ့နိုင်ငံ၏ မူဂျစ်နာဂါ အစိုးရက အနောက်ပါကစ္စတန်တို့၏ မတရားအုပ်ချုပ်မှုမှ လွတ်မြောက်ရန် နိုင်ငံတကာအသိုင်းအဝိုင်း၏ အကူအညီယူရတွင် အိန္ဒိယနှင့် တရားဝင်သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည့် နှစ် ၅၀ ပြည့်အထိမ်းအမှတ်ကို ကျင်းပခဲ့သည်။

ပါကစ္စတန်စစ်တပ်က ၁၉၇၁ ခုနှစ်၊ မတ် ၂၅ ရက်တွင် အရပ်သားများကို ဖြိုခွင်းမှုကြောင့် စတင်ခဲ့သော ၉ လကြာစစ်ပွဲအပြီး အောင်ပွဲခဲ့သည့်နေ့မတိုင်မီ ၁၀ ရက်အလို ဒီဇင်ဘာ၆ ရက်တွင် ဘင်္ဂလားဒေ့ရှ်အား အသိအမှတ်ပြုကြောင်း ကြေညာခဲ့သည်။

ထိုစဉ်က ဘင်္ဂါလီ ၃ သန်းခန့်သည့် သတ်ဖြတ်ခံခဲ့ရပြီး အစုလိုက်သတ်ဖြတ်ခြင်း၊ အဓမ္မပြုကျင့်ခြင်း၊ လုယက်ခြင်းနှင့် မီးရှို့တိုက်ခိုက်မှုများကြောင့် ဒုက္ခသည် ၁၀ သန်းသည် အိန္ဒိယသို့ ထွက်ပြေးခဲ့ရသည်။

ဘင်္ဂါလီ စစ်သာများက မူကတီဘဟီနီ အဖွဲံကို ဖွဲ့စည်းကာ လက်နက်တပ်ဆင်၍ ပါကစ္စတန် စစ်တပ်ကို တိုက်ထုတ်ခဲ့သည်။

ပါကစ္စတန်က လက်ဦးမှုရယူရန် အိန္ဒိယမြောက်ပိုင်းတွင် လေကြောင်းမှ တိုက်ခိုက်ပြီးနောက် အိန္ဒိယသည် ၁၉၇၁ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်တွင် စစ်ပွဲအတွင်းပါဝင်လာခဲ့သည်။ အိန္ဒိယ၏ မဟာမိတ်တပ်ဖွဲ့များနှင့် မူကတီဘဟီနီတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်မှုကြောင့် ဒီဇင်ဘာ ၁၆ ရက်တွင် ပါကစ္စတန်တပ်ဖွဲ့များ ဆုတ်ခွာသွားခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်သည် နို်ငငံသစ်တစ်နိုင်ငံ ဖြစ်လာခဲ့သည်။

ဒီဇင်ဘာ ၆ ရက်က မူဂျစ်နာဂါအစိုးရ၏ ဝန်ကြီးချုပ်တာဂျူဒင်အာမက်သို့ ပေးပို့သည့်စာတွင် အိန္ဒိယဝန်ကြီးချုပ်ဟောင်း အင်ဒရာဂန္ဓီက “ဘင်္ဂလားဒေ့ရှ် ပြည်သူတွေ အများကြီး ခံစားခဲ့ရပါတယ်။ အဆွေတော်တို့၏ လူငယ်အမျိုးသားများသည် လွတ်လပ်ရေးနှင့် ဒီမိုကရေစီအတွက် မိမိတို့ကိုယ်ကို များစွာ စတေခဲ့ရပါတယ်။ အိန္ဒိယနိုင်ငံသားများကလည်း အလားတူ တိုက်ခိုက်ပေးနေပါတယ်” ဟု ဖော်ပြထားသည်။

အားထုတ်ကြိုးမ်းမှုနှင့် စွန့်လွှတ်မှုတို့တွင် ပူးပေါင်းဆောင်ရွက်ခြင်း နှစ်နိုင်ငံပြည်သူများ၏ မိတ်ဖက် ဆက်ဆံရေကို အားကောင်းစေနိုင်မည်ဟုလည်း အင်ဒရာဂန္္ဓီက ရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly