အိန္ဒိယ၏ ဝန်ဆောင်မှုကဏ္ဍ နိုဝင်ဘာလတွင် အားကောင်းလာ

အိန္ဒိယ၏ ဝန်ဆောင်မှုကဏ္ဍ နိုဝင်ဘာလတွင် အားကောင်းလာ

အိန္ဒိယ၏ ထင်ရှားသည့် ဝန်ဆောင်မှုကဏ္ဍသည် ပြည်တွင်း ဝယ်လိုအား ပြန်လည်မြင့်တက်လာခြင်းကြောင့် နိုဝင်ဘာလအတွင်းက ဆက်လက်မြင့်လာသော်လည်း မြင့်တက်လာသော ဈေးနှုန်းကြောင့် ဖြစ်လာသည့် ဖိအားများက စိုးရိမ်ဖွယ်ရာ ဖြစ်နေကြောင်း ပုဂ္ဂလိက စစ်တမ်းတစ်ခုတွင် ဖော်ပြထားသည်။

အာရှတွင် တတိယစီးပွားရေးအင်အားအကြီးဆုံးဖြစ်သည့် အိန္ဒိယသည် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးခြင်းနှင့် အစိုးရက အသုံးစရိတ်များ မြှင့်တင်ခဲ့သည့်အတွက် ယခုနှစ် တတိယ ၃ လပတ်အတွင်း စီးပွားရေး တိုးတက်မှုနှုန်း အမြန်ဆုံး ဖြစ်ခဲ့သည်။ ဇူလိုင်-စက်တင်ဘာ ကာလအတွင်း စီးပွားရေး တိုးတက်မှုသည် ၈ ဒသမ ၄ ရာခိုင်နှုန်းရှိခဲ့သည်။

IHS Markit အဖွဲ့က ပြုလုပ်သည့် ဝန်ဆောင်မှု ဝယ်ယူခြင်းဆိုင်ရာ အညွှန်းကိန်းတွင် နိုဝင်ဘာလအတွင်းက တိုးတက်မှုသည် ၁၀ စုနှစ်တစ်ခုကာလတွင် ဒုတိယအမြင့်ဆုံးနှင့် ၄ လဆက်တိုက် အမှတ် ၅၀ အဆင့်တွင် ရောက်ရှိခဲ့ကြောင်း ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly