ဟောင်ကောင် Telegram တွင် ဆန္ဒပြပွဲ သတင်းအချက်အလက်များတင်ပေးသူ ောင်ဒဏ် ၅နှစ် ချမှတ်ခံရ

By Hong Kong FB
15 December 2021
ဟောင်ကောင် Telegram တွင် ဆန္ဒပြပွဲ သတင်းအချက်အလက်များတင်ပေးသူ ောင်ဒဏ် ၅နှစ် ချမှတ်ခံရ

ဟောင်ကောင်တွင် ၂၀၁၉ခုနှစ် ဒီမိုကရေစီလိုလားသော ဆန္ဒပြပွဲများနှင့် မငြိမ်မသက် မှုများအတွင်း အခြားသူများကို အကြမ်းဖက်ရန် လှုံ့ဆော်မှုနှင့် မြေအောက်မီးရထားပြေးဆွဲလည်ပတ်မှုကို ဟန့်တားရန် Telegram တွင် သတင်းမျာကို တာဝန်ယူတင်ပေးရသူအား ထောင်ဒဏ် ၅နှစ် ချမှတ်ခံခဲ့ရသည်။

အသက် ၃၃နှစ်အရွယ် တရားခံ စုချန်လန်သည် အများပြည်သူသုံး Telegram ကို စီမံခန့်ခွဲနေသည်ဟု စွပ်စွဲခံထားရပြီး ၎င်းသည် အခြားသူများကို "ဖဲကြိုးပြာပေါ်တွင် အက်ဆစ်လောင်းခြင်း" ဟူသည့် တရုတ်အစိုးရကိုလိုလားသူများကို "မီးမှော်" သို့မဟုတ် ဓာတ်ဆီဗုံးများဖြင့် ပစ်ရန် လှုံ့ဆော်သည့် သတင်းစကား ၁၂၀ဝ နီးပါးကို တင်ခဲ့သည်။

အကြမ်းဖက်မှု၊ မီးရှို့မှု၊ ရည်ရွယ်ချက်ရှိရှိကျူးလွန်မှု၊ ရုန်းရင်းဆန်ခတ်ဖြစ်မှု၊ အများပြည်သူများကို အနှောင့် အယှက်ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် အဆိပ်ခတ်ရန် လှုံ့ဆော်မှုဟူသည့် စွဲချက် ၉ မှုဖြင့် စွဲချက်တင်ထား ခံရကြောင်း ပြည်တွင်းမီဒီယာများက ဖော်ပြသည်။

ဒီဇင်ဘာ ၆ရက်တွင် စီရင်ချက်ချရာတွင် ခရိုင်တရားရုံးတရားသူကြီး အန်ထော်နီကော့က တရားခံသည် ဟောင်ကောင်တက္ကသိုလ်တွင် ပဋိပက္ခဖြစ်စေရန် ဦးတည်ချက်ဖြင့် ထိုနေရာတွင် ဖောက်ခွဲရန်နှင့် အခြားသူများ အား လှုံ့ဆော်ခြင်းဖြင့် "မီးကို လောင်စာထည့်ခဲ့သည်" ဟု ပြောကြားခဲ့သည်။

သတ္တုချောင်းများနှင့် အက်ဆစ်များကို အသုံးပြု၍ ရဲအရာရှိများ သို့မဟုတ် အစိုးရထောက်ခံသူများကို တိုက်ခိုက်ရန် Telegram တွင် စာရင်းသွင်းသူများအား အမုန်းတရားနှင့် လူမှုရေးသဘောထား နက်ရှိုင်းစွာ ကွဲလွဲမှုများ ကို ဖြစ်ပေါ်စေရန် လှုံ့ဆော်ပေးခဲ့သည်ဟု တရားသူကြီးက ပြောကြားခဲ့သည်။

တရားခံလွှဲပြောင်းရေးဥပဒေမူကြမ်းကို ပယ်ချပြီးကတည်းက ၂၀၁၉ခုနှစ် ဇွန်လတွင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ သည်။ ဒီမိုကရေစီတောင်းဆိုမှုများနှင့် တရုတ်၏ ကျူးကျော်ဝင်ရောက်မှုအပေါ် ဒေါသများ ထွက်ပေါ်နေချိန်တွင် ရဲတပ်ဖွဲ့၏ အပြုအမူကို ဆန့်ကျင်သည့် ပြင်းထန်သော ရန်လိုမှုများကိုလည်း ပြသခဲ့သည်။

ဆန္ဒပြသူများသည် ရဲတပ်ဖွဲ့၏ လုပ်ရပ်အပေါ် လွတ်လပ်သော စုံစမ်းစစ်ဆေးမှု၊ ဖမ်းဆီးထားသူများအား လွတ်ငြိမ်းချမ်းသာခွင့်နှင့် ဆန္ဒပြမှုများအား“အဓိကရုဏ်းများ” အဖြစ် သတ်မှတ်ခြင်းအား ရပ်တန့်ရန် တောင်းဆိုခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly