၁၉၀ဝပြည့်နှစ်တွင် အနောက်နိုင်ငံများက တရုတ်ကို ကျူးကျော်သည့် အကြောင်း ရေးသားထားသည့် စာအုပ်ကို ဆိုင်မှ ဖယ်ရှား

By Republic world
15 December 2021
၁၉၀ဝပြည့်နှစ်တွင် အနောက်နိုင်ငံများက တရုတ်ကို ကျူးကျော်သည့် အကြောင်း ရေးသားထားသည့် စာအုပ်ကို ဆိုင်မှ ဖယ်ရှား

နှစ်ဆယ်ရာစုအကူးအပြောင်းကာလတွင် တရုတ်ကို ၈ နိုင်ငံက ကျူးကျော်မှုအကြောင်း ရေးသားထားသည့် သမိုင်းစာအုပ်ကို ဟောင်ကောင်စာအုပ်ဆိုင်မှ ဖယ်ရှားလိုက်သည်။

စာအုပ်အမည်သည် အင်္ဂလိပ်ဘာသာဖြင့် "၈ နိုင်ငံမဟာမိတ်အဖွဲ့သည် ဖြောင့်မတ် မှန်ကန်သော စစ်တပ်" ဟု အဓိပ္ပါယ်ရကြောင်း Standard သတင်းစာက ဖော်ပြသည်။

စာအုပ်များကို သိမ်းယူသည့် လုပ်ရပ်သည် တရုတ်အမျိုးသားလုံခြုံရေးဥပဒေကို ဆက်လက် အကောင်ထည်ဖော်ခြင်း ဖြစ်သည်။

ထို့ပြင် ၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ ၁ ရက်တွင် ဟောင်ကောင်တွင် အမျိုးသားလုံခြုံရေးဥပဒေတစ်ရပ်ကို တရုတ်အစိုးရက ပြဌာန်းခဲ့ပြီး ယင်းဥပဒေဖြင့် ထင်ရှားကျော်ကြားသော သတင်းထောက်များကို ထောင်ဒဏ်ချမှတ်ခဲ့သည်။

စာအုပ်ရေးသားသူ လျှိုချီခန်သည် ပေကျင်းတွင် မွေးဖွားခဲ့သော်လည်း နောက်ပိုင်းတွင် ဟောင်ကောင်သို့ ပြောင်းရွှေ့နေထိုင်ခဲ့နောက် ၁၉၈၈ ခုနှစ်တွင် ကနေဒါသို့ ပြောင်းရွှေခဲ့သည်ဟု Global Times က ဖော်ပြခဲ့သည်။

အဆိုပါ စာအုပ်ကို ထုတ်ဝေသော China Times ထုတ်ဝေရေး လုပ်ငန်းအကြီးအကဲ ချောင်ချန်မင်က ထိုင်ဝမ်တွင် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေမှုသည် အခမဲ့ဖြစ်ပြီး စာရေးဆရာများ၏ ကွဲပြားသော အချက်များကို အမြဲလက်ခံထားပြီး စာဖတ်သူများက ကိုယ်ပိုင်ဆုံးဖြတ်ချက်များချနိုင်သည်ဟု ယုံကြည် သောကြောင့် ထိုင်ဝမ်တွင် ပထမဆုံးထုတ်ဝေရခြင်းဖြစ်သည်ဟု အကြောင်းပြ ပြောကြားခဲ့သည်ဟု ANI သတင်းတွင် ဖော်ပြထားသည်။

ဟောင်ကောင်မှ နိုင်ငံရေးသမား အဲလီဇဘက်ကွက်က ဟောင်ကောင်တွင် နေထိုင်သူများက ထိုစာအုပ်နှင့် ပတ်သက်၍ မကျေမနပ်ဖြစ်ခဲ့ကြသည်ဟု ဆိုသည်။

အချို့သူများသည် စာအုပ်၏ ပုံ၊ မျက်နှာဖုံးနှင့် အကြောင်းအရာများကို သူမထံ ပေးပို့ပြီး ဟောင်ကောင်တွင် ပွင့်ပွင့်လင်းလင်း ရောင်းချခြင်းအပေါ် မကျေနပ်ကြောင်း ဖော်ပြခဲ့ကြသည်ဟု သူမက ဆိုကြောင်း Global Times တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly