အင်အားကြီးနှစ်နိုင်ငံလွှမ်းမိုးသည့်အာရှတွင် အမေရိကန်က တရုတ်အပေါ် တစ်ပန်းသာနေ

အင်အားကြီးနှစ်နိုင်ငံလွှမ်းမိုးသည့်အာရှတွင် အမေရိကန်က တရုတ်အပေါ် တစ်ပန်းသာနေ

ဂျပန်ကဲ့သို့သော တစ်ချိန်က အင်အားကြီးနိုင်ငံများ၏ သြဇာလွှမ်းမိုးမှု ဆုတ်ယုတ်သွားချိန်တွင် ကမ္ဘာ့အင်အားကြီးနှစ်နိုင်ငံဖြစ်သော တရုတ်နှင့် အမေရိကန်တို့သည် ဒေသတွင်း အနေအထားအတွက် ဆက်လက်ပြီး အလုအယက်ကြိုးပမ်းနေ‌သောကြောင့် အာရှသည် အင်အားကြီးနှစ်နိုင်ငံအကြား ပြိုင်ဆိုင်သည့်နေရာ ဖြစ်လာသည်။

ယခုနှစ်တွင် ဘက်ပေါင်းစုံ ဩဇာအာဏာတိုးလာခဲ့သော ဒေသတွင်းရှိ တစ်ခုတည်းသော အဓိကနိုင်ငံသည် အမေရိကန်ဖြစ်သည်ဟု Lowy Institute ၏ Asia Power Index ၂၀၂၁ ခုနှစ်ကဖော်ပြထားသည်။

အမေရိကန်နှင့် တရုတ်တို့သည် ၎င်းတို့၏ ဘက်ပေါင်းစုံအနေအထားကို နံပါတ် ၁ နှင့် ၂ အသီးသီး ဆက်လက်ထိန်းသိမ်းထားသော်လည်း တရုတ်နှင့် ပတ်သက်သည့် အမရိကန်၏ အင်အားသည် တိုးလာခဲ့သည်။

ကိုရိုနာဗိုင်းရပ်ကူးစက်မှု စတင်ချိန် မနှစ်က တရုတ်နိုင်ငံ၏ ဩဇာကျဆင်းမှုကို သိသိသာသာ ပြသခဲ့သော်လည်း တရုတ်နိုင်ငံ၏ တိုးတက်မှုကို ထိခိုက်စေခဲ့သည်ဟု မဆိုလိုကြောင်း အစီရင်ခံစာက ဖော်ပြထားသည်။

ယမန်နှစ်က ရှင်ဇိုအာဘေးက ဝန်ကြီးချုပ်အဖြစ်မှ နုတ်ထွက်ပြီးနောက် ဂျပန်သည် တိုးတက်မှုနည်းလာသည်။ ဒေသတွင်း အကြီးမားဆုံးပါဝင်သူအဖြစ် သတ်မှတ်ခံရဆဲအချိန်တွင် သံတမန်ရေးအရ သြဇာလွှမ်းမိုးမှုနှင့် စီးပွားရေးသြဇာလွှမ်းမိုးမှုများ ဆုံးရှုံးခဲ့ရသော်လည်း ၁၁ နိုင်ငံအတွက် ကာကွယ်ရေးဆိုင်ရာ ဆွေးနွေးဖက်ဖြစ်ခဲ့သည်။

အိန္ဒိယသည် စစ်ရေးစွမ်းရည်ကို တိုးချဲ့ခဲ့သော်လည်း ၎င်း၏ တိုးတက်မှုသည် အောင်မြင်မှုအာမခံချက်မရှိဘဲ “ဆယ်စုနှစ်များစွာကြာသော ကြိုးစားအားထုတ်မှု” ကို လုပ်ဆောင်ရလိမ့်မည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

အမေရိကန်သည် တရုတ်နိုင်ငံကို အနာဂတ်အရင်းအမြစ်များ (စီးပွားရေး၊ စစ်ရေးနှင့် လူဦးရေဆိုင်ရာ အရင်းအမြစ်များ ခွဲဝေမှု) နှင့် သံတမန်ရေးရာ သြဇာလွှမ်းမိုးမှု စသည့် စီမံချက်နှစ်ခုဖြင့် ကျော်လွှားနိုင်ခဲ့သည်။

အင်ဒိုနီးရှားသည် ဘက်ပေါင်းစုံရမှတ်များ ကျဆင်းသွားသော်လည်း ယမန်နှစ်က အာရှတွင် အင်အားအကြီးဆုံးနိုင်ငံ အဆင့် ၁၁ မှ ၂၀၂၁ ခုနှစ်တွင် အဆင့် ၉ သို့ တက်ခဲ့သည်။

ယင်းအချက်သည် အင်ဒို-ပစိဖိတ်ဒေသတွင် တရုတ်၏သြဇာလွှမ်းမိုးမှုကို ထိန်းချုပ်ပေးနိုင်သည့် အမေရိကန်နှင့် ၎င်း၏မဟာမိတ်များအတွက် မျှော်လင့်ချက်ဖြစ်သည်။ သို့သော် ဂျကာတာသည် အမေရိကန်အခြေစိုက် ညွန့်ပေါင်းအဖွဲ့နှင့် ပူးပေါင်းရန် အရိပ်အယောင် အနည်းငယ်သာရှိကြောင်း စာရေးသူက ဆိုသည်။

"အင်ဒိုနီးရှားသည် အမေရိကန်နှင့်ဖြစ်စေ တရုတ်နှင့်ဖြစ်စေ ပူးပေါင်းမည်မဟုတ်သော်လည်း နှစ်ဖက်ခွထိုင်မည့်ပုံပေါ်ပြီး စူပါပါဝါနှစ်ရပ်စလုံးထံမှ လိုက်လျောမှုများကို အစွမ်းကုန် နှိုက်ထုတ်ကာ ၎င်းကိုယ်တိုင်နှင့် အာဆီယံအတွက် ပေါ်ပေါ်လွင်လွင်ပင် ဘက်မလိုက်သောအဖွဲ့အဖြစ် ကြိုးစားဟန်ရှိသည်ဟု Asia Power Index မှ စာရေးသူ လီမာဟရူက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly