တရုတ်ကြွေးမြီက ပါကစ္စတန်၏ ငွေကြေးအားလုံးကို သိမ်းယူနေ

By Islam Khabar
15 December 2021
တရုတ်ကြွေးမြီက ပါကစ္စတန်၏ ငွေကြေးအားလုံးကို သိမ်းယူနေ

ပါကစ္စတန်သည် ၎င်း၏ ငွေကြေးဖောင်းပွမှုကို ထိန်းညှိရန် မနိုင်မနင်းဖြစ်နေပြီး တရုတ်ကြွေးမြီများက ၎င်း၏ဘဏ္ဍာငွေများကို ညှစ်ယူသိမ်းပိုက်လျက်ရှိသည်။ ပါကစ္စတန်သည် ယခုဘဏ္ဍာရေးနှစ်အကုန်တွင် အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံ ပေးချေရမည်ဖြစ်သည်။ ကြွေးမြီတစ်စိတ်တစ်ပိုင်းသည် ခါးပတ်လမ်းစီမံကိန်းနှင့်ချိတ်ဆက်ထားသည့် တရုတ်စီးပွားရေးဘဏ်မှဖြစ်သည်။

ပါကစ္စတန်သည် ၎င်း၏ကြွေးမြီများကို ဆပ်ရမည့်အချိန်ရွှေ့ဆိုင်းရန် တရုတ်အစိုးရ ဘဏ္ဍာရေးအာဏာပိုင်များထံ တောင်းဆိုရန် လိုအပ်သည်ဟု ကျွမ်းကျင်သူများက ပြောသည်။

မူဝါဒ ချွတ်ချော်မှုနှင့် အကြောင်းအားလျော်စွာဖြစ်ပေါ်လာသည့် ပေးဆပ်ရမည့်ကြွေးမြီများ တိုးမြင့်လာခြင်းကြောင့် ပါကစ္စတန်၏ ပြည်သူ့ကြွေးမြီတောင့်ခံနိုင်မှုသည်ကျဆင်းသွားကြောင်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ဧပြီလအစောပိုင်းတွင် သတိပေးခဲ့သည်။

တောင်အာရှနိုင်ငံများ၏ကြွေးမြီများကို ခွဲခြမ်းစိတ်ဖြာခဲ့သော၂၀၂၁ ခုနှစ် ကမ္ဘာ့ဘဏ်၏ ကြွေးမြီအစီရင်ခံစာတွင် ပါကစ္စတန်သည် အိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ်တို့နောက်တွင် နောက်ကျ ကျန်ရစ်နေကြောင်း ဖော်ပြထားသည်။

အကြွေးပတ်လည်ဝိုင်းနေသာ သီရိလင်္ကာနိုင်ငံနှင့် ပိုမိုနှိုင်းယှဉ်နိုင်ကြောင်း အစီရင်ခံစာက အလေးပေးဖော်ပြထားသည်။

ကမ္ဘာ့ဘဏ်အစီရင်ခံစာအရ ပါကစ္စတန်သည် ကြွေးမြီနှင့် GDP အချိုး ၈၀ ရာခိုင်နှုန်းကျော်ရှိသည့် နိုင်ငံများတွင် သီရိလင်္ကာပြီးလျှင် ဒုတိယမြောက်နိုင်ငံဖြစ်သည်။ သို့သော် ပြည်နယ်များ၏ ရှယ်ယာများကို ထည့်မတွက်ဘဲ ပါကစ္စတန်၏ အသားတင်ဝင်ငွေကို တွက်ချက်ပါက ၎င်းသည် သီရိလင်္ကာထက်ပင် မြင့်မားသည်။

ပြည်တွင်းကြွေးမြီသည် ရူပီး ၁၆ ထရီလီယံ (အမေရိကန်ဒေါ်လာ ၉၁ ဘီလီယံ) မှ ၂၆ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၄၈ သန်း) သို့ တိုးလာကြောင်း ပါကစ္စတန် အထက်လွှတ်တော်က ဒီဇင်ဘာ ၃ ရက်တွင် ပြောကြားခဲ့ပါသည်။

အလားတူ ကာလတူအတွင်း ပြည်ပကြွေးမြီများသည် ရူပီး ၈ ဒသမ ၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၄၈ ဒသမ ၃ ဘီလီယံ) မှ ရူပီး ၁၄ ဒသမ ၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၈၃ ဘီလီယံ) အထိ တိုးလာခဲ့သည်။ အဆိုပါချေးငွေများတွင် အစိုးရက အတိုးငွေ Rs ၇ ဒသမ ၄၆ ထရီလီယံ (အမေရိကန်ဒေါ်လာ ၄၂ ဒသမ ၄ ဘီလီယံ) ပေးဆောင်ခဲ့သည်ဟု ဝန်ကြီးဌာနက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly