ကွတ်ခိုင်ဆေးရုံအုပ် သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံး

ကွတ်ခိုင်ဆေးရုံအုပ် သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံး

ဒီဇင်ဘာလ ၁၅ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ကွတ်ခိုင်မြို့နယ်တွင် ယမန်နေ့ ဒီဇင်ဘာလ ၁၄ ရက် ညပိုင်းက ကွတ်ခိုင်ဆေးရုံအုပ် ဒေါ်ဝင့်ဝင့်မြိုင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံထံက သိရသည်။ 

ဒေါ်ဝင့်ဝင်မြိုင်မှာ တာမိုးညဲမြို့နယ် မုံစီးရွာတွင် ကာကွယ်ဆေးသွားရောက်ထိုးနှံပြီးအပြန် ညဘက်တွင် ပစ်ခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။ 

"တာမိုးညဲ၊ မုံးစီးဘက် ကာကွယ်ဆေးသွားထိုးပြီး ပြန်လာတော့ လမ်းမယ် ည ၇ နာရီဝန်းကျင်လောက်ဖြစ်မယ်။ ဘယ်လက်နက်ကိုင်တွေလဲ မသိ လာပစ်သွားတာ။ ပွဲချင်းပြီးပဲ။ အခုတော့ ဆေးရုံကို အလောင်းပြန်ယူလာတယ် " ဟု ၎င်းက ပြောသည်။ 

ဒေါ်ဝင့်ဝင့်မြိုင်သည် ကွတ်ခိုင်ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသည်မှာ နှစ်ကြာပြီဖြစ်ပြီး အာဏာသိမ်းအစောပိုင်းကာလများတွင် CDM ဝန်ထမ်းများကို ဖိနှိပ်မှုများ ပြုလုပ်ခဲ့သူဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required