အသံတိတ် သပိတ်နေ့တွင် ဖမ်းခံရသည့် ဓာတ်ပုံဆရာ ကိုစိုးနိုင် စစ်ကြောရေးတွင် သေဆုံး

အသံတိတ် သပိတ်နေ့တွင် ဖမ်းခံရသည့် ဓာတ်ပုံဆရာ ကိုစိုးနိုင် စစ်ကြောရေးတွင် သေဆုံး

ဒီဇင်ဘာလ ၁၄ ရက်

အသံတိတ် သပိတ် (Silent Strike) ပြုလုပ်ခဲ့သည့် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံခဲ့ရသည့် အလွတ်တန်း ဓာတ်ပုံဆရာ ကိုစိုးနိုင် စစ်ကြောရေးတွင် သေဆုံးခဲ့ကြောင်း ၎င်းနှင့် နီးစပ်သူများက ပြောသည်။ 

"သေဆုံးတာတော့ သေချာတယ်။ ဒီနေ့သင်္ဂြိုဟ်မယ် ကြားတယ် ''ဟု တိကျသည့် သတင်းရင်းမြစ် ထံက သိရသည်။

နိုင်ငံတစ်ဝန်း Silent Strike ပြုလုပ်သည့်နေ့တွင် ဓာတ်ပုံဆရာ နှစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ယခု တစ်ဦးသေဆုံးခြင်း ဖြစ်သည်။ 

ကိုစိုးနိုင်ကို ဖမ်းဆီးပြီးနောက် အိမ်သို့ လာရောက် ရှာဖွေစစ်ဆေးခြင်းများလည်း ပြုလုပ်ခဲ့ကြောင်း မိသားစုနှင့် ရင်းနှီးသူများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required