အသေးစားခွဲစိတ်မှုခံယူရမည်ဖြစ်၍ လက်စတာတိုက်စစ်မှူးဗာဒီအနားယူရဖွယ်ရှိ

အသေးစားခွဲစိတ်မှုခံယူရမည်ဖြစ်၍ လက်စတာတိုက်စစ်မှူးဗာဒီအနားယူရဖွယ်ရှိ

ဇန်နဝါရီ ၄၊ လက်စတာ ။             ။ လက်စတာတိုက်စစ်မှူးဗာဒီသည် ပေါင်ခြံဒဏ်ရာ အသေးစားခွဲစိတ်ကုသမှုခံယူရမည်ဖြစ်သောကြောင့် တစ်ပတ်၊ နှစ်ပတ်ခန့်အနားယူရဖွယ် ရှိနေသည်။

အင်္ဂလန်တိုက်စစ်မှူးသည် ယခုနှစ်ဘောလုံးရာသီတွင် လက်စတာအသင်းအတွက် ပရီးမီးယားလိဂ်ဂိုး ၁၅ ဂိုးသွင်းယူပေးထားပြီး အမှတ်ပေး ဇယား ဒုတိယနေရာ ရပ်တည်နိုင်အောင် ကူညီပေးထားသည်။

အသက် ၂၈ နှစ်အရွယ် တိုက်စစ်မှူးသည် ယခုနှစ်ရာသီတွင် အသင်းအတွက် ပြိုင်ပွဲစုံ စုစုပေါင်း ၂၈ ပွဲကစားပေးထားသည်။

၎င်းသည် ရွိုင်းဟော့ဒ်ဆန်၏ ယူရို ၂၀၁၆ ခြေစစ်ပွဲအောင် အင်္ဂလန်အသင်းတွင်လည်း ရွေးချယ်ခံထားရသူဖြစ်သည်။

အပျော်တမ်းကလပ် ဖလိဝုဒ်တောင်းအသင်းတိုက်စစ်မှူးဟောင်းသည် ပြီးခဲ့သည့် စနေနေ့က ဘုန်းမောက်နှင့် ဂိုးမရှိသရေကျသည့် ပွဲတွင် ပွဲချိန်ပြည့် ၉၅ မိနစ်လုံး ပါဝင်ကစားခဲ့သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly