နိုင်ငံစီးပွားရေး နှေးကွေးနိုင်ကြောင်း တရုတ် ပညာရှင်အဖွဲ့ သတိပေး

By Aljazeera
14 December 2021
နိုင်ငံစီးပွားရေး နှေးကွေးနိုင်ကြောင်း တရုတ် ပညာရှင်အဖွဲ့ သတိပေး

တရုတ်နိုင်ငံ၏ အိမ်ခြံမြေကဏ္ဍတွင် ဆက်လက်ဖြစ်ပေါ်နေသော ဖိအားများကြောင့် ၂၀၂၂ခုနှစ်တွင် တရုတ်ပြည်၏ စီးပွားရေးတိုးတက်မှု နှေးကွေးနိုင်ဖွယ်ရှိကြောင်း အစိုးရ ပညာရှင်အဖွဲ့တစ်ဖွဲ့က သတိပေး ခဲ့သည်။

ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးဖြစ်သော တရုတ်ပြည်သည် ၂၀၂၁ခုနှစ်တွင် စီးပွားရေးတိုးတက်မှုန်း ၈ ရာခိုင်နှုန်းခန့် ရှိမည်ဟု ခန့်မှန်းထားခဲ့ကြောင်း အစိုးရ ပညာရှင်အဖွဲ့ဖြစ်သည့် တရုတ်လူမှုရေးသိပ္ပံအကယ်ဒမီ (CASS) မှ နှစ်စဉ် ထုတ်ပြန်သည့် စီးပွားရေးဆိုင်ရာ စက္ကူပြာစာတမ်းအရ သိရသည်။

အိမ်ခြံမြေဈေးကွက်ကျဆင်းမှုသည် ဆက်လက်တည်ရှိနေခြင်းက၂၀၂၂ခုနှစ်တွင် ဒေသဆိုင်ရာအစိုးရများ၏ အသုံးစရိတ်များအပေါ် ဖိအားပေးနိုင်ဖွယ်ရှိကြောင်း ယင်းက သတိပေးထားသည်။

တရုတ်ပြည်၏ စီးပွားရေးသည် ၂၀၂၂ခုနှစ်တွင် ၅ ဒသမ ၃ ရာခိုင်နှုန်းခန့်တိုးတက်ရန်မျှော်လင့်ထားပြီး၂၀၂၀-၂၀၂၂ ခုနှစ်အတွက် ပျမ်းမျှနှစ်စဉ်တိုးတက်မှုနှုန်း ခန့်မှန်းချက်ကို ၅ ဒသမ ၂ ရာခိုင်နှုန်းသို့ ရောက်ရှိစေခဲ့ကြောင်း CASS က ဒီဇင်ဘာ ၆ရက်တွင် ပြောကြားခဲ့သည်။

အိမ်ခြံမြေဈေးကွက်ကျဆင်းမှု၊ ပို့ကုန်များ အားနည်းလာခြင်းနှင့် တင်းကျပ်သော ကိုဗစ်-၁၉ ကန့်သတ်ချက်များ က စားသုံးမှုကို အဟန့်အတားဖြစ်စေသဖြင့် တိုးတက်မှုနှုန်းကျဆင်းနေချိန်တွင် အစိုးရအကြံပေးများက ၂၀၂၂ခုနှစ် စီးပွားရေး တိုးတက်မှုလျာထားချက်ကို ၂၀၂၁ ခုနှစ်ထက် လျော့ချ သတ်မှတ်ရန် အကြံပြုလိမ့်မည် - သို့မဟုတ် "၆ ရာခိုင်နှုန်းအထက်" သာထားလိမ့်မည်ဟု Reuters သတင်း တွင် ဖော်ပြထားသည်။

မြို့ကြီးများတွင် မြေယာလေလံပွဲများ မအောင်မြင်ခြင်းကို တားဆီးရန်နှင့် မြို့ငယ်များတွင် အိမ်ခြံမြေဈေး နှုန်းများ လျင်မြန်စွာ ကျဆင်းမှုအန္တရာယ်ကို ကာကွယ်ရန်၊ အိမ်ခြံမြေကဏ္ဍအတွက် ပျော့ပျောင်းသောမူဝါဒများကို တွန်းအားပေး လုပ်ဆောင်ရန် ဗဟိုအစိုးရအား တိုက်တွန်းခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

အိမ်ခြံမြေကုမ္ပဏီကြီး China Evergrandeသည် တိုင်းပြည်၏ အကြီးမားဆုံးသော အကြွေးပေးရန်ပျက်ကွက် မှုဖြစ်ခဲ့သဖြင့် အာဏာပိုင်များသည် ကုမ္ပဏီ၏ စွန့်စားစီမံခန့်ခွဲမှုကို ကြီးကြပ်ရန် ကြားဝင်ဆောင်ရွက်ခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly