အိန္ဒိယတွင် အရွယ်ရောက်သူ ၅၀ ရာခိုင်နှုန်းကျော် ကိုဗစ် ကာကွယ်ဆေးထိုးပြီး

အိန္ဒိယတွင် အရွယ်ရောက်သူ ၅၀ ရာခိုင်နှုန်းကျော် ကိုဗစ် ကာကွယ်ဆေးထိုးပြီး

အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးသူ ထက်ဝက်ကျော်ရှိပြီး ပထမအကြိမ်ထိုးပြီးသူ ၈၅ ရာခိုင်နှုန်းရှိသွားပြီ ဖြစ်သည်။

ရောဂါပိုးတွေ့ရှိထားသူ အရေအတွက်သည် ဒီဇင်ဘာ ၄ ရက်က ၉၉၉၇၉ ဦးရှိခဲ့ရာ ၂၀၂၀ ပြည့်နှစ် မတ်လမှစ၍ အနည်းဆုံးအရေအတွက်ဖြစ်သည်။ နေ့စဉ်ရောဂါ စစ်ဆေးတွေ့ရှိမှုမှာလည်း လွန်ခဲ့သည့် ၆၁ ရက်အတွင်း ၂ ရာခိုင်နှုန်းအောက်ရှိပြီး လွန်ခဲ့သည့် ၂၁ ရက်အတွင်း ၁ ရာခိုင်နှုန်းအောက်တွင်သာ ရှိသည်။

ခရိုင် ၃၀ တွင် ကူးစက်ခံရသည့်အရေအတွက် မြင့်တက်နေသောကြောင့် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်နယ် ၅ ခုနှင့် ပြည်ထောင်စုနယ်မြေ ဂျမူးနှင့် ကက်ရှ်မီးယားတွင် ဒီဇင်ဘာ ၄ ရက်က သတိပေးချက်များ ထုတ်ပြန်ထားသည်။

ပြည်ထောင်စု ကျန်းမာရေးအတွင်းဝန် ရာဂျက်ဘူရှန်က ကီရာလာ၊ ကာနာတာကာ၊ တမီးလ်နာဒူး၊ ဩဒိရှ၊ မီဇိုရမ်နှင့် ဂျမူး-ကက်ရှ်မီးယားဒေသများသို့ စာဖြင့်ရေးသားသတိပေးချက်တွင် ဒီဇင်ဘာ ၃ ရက်သတ္တပတ်ကုန်၌ သက်ဆိုင်ရာခရိုင်များအတွင်း ကိုဗစ်ကူးစက်မှုသည် နိုဝင်ဘာ ၂၅ ရက်နှင့် နှုန်းယှဉ်ပါက မြင့်တက်လာကြောင်း ဖော်ပြထားပြီး ရရှိထားသည် တို့ဖတ်နမူနာအားလုံးကို စစ်ဆေးမှုအတွက် ပေးပို့ရန် ညွှန်ကြားထားသည်။

ပြည်နယ်များနှင့် ဂျမူး-ကက်ရှ်မီးယားတို့တွင် အထူးလုပ်ဆောင်ရမည့် အချက် ၅ ချက်မှာ နိုင်ငံတကာမှ ဝင်ရောက်လာသူများကို စစ်ဆေးမှုပိုမိုကောင်းမွန်အောင် လုပ်ဆောင်ရန်၊ ရောဂါဖြစ်ပွားမှု များပြားလာသည့်နေရာများကို မျက်ခြေမပြတ်စောင့်ကြည့်ရန်၊ ရောဂါပိုးထိတွေ့မှုများကို အပြည့်အဝခြေရာခံ၍ ၁၄ ရက်အထိ သီးခြားထားရှိရန်၊ လုံလောက်သည့် စစ်ဆေးမှုများဖြင့် ရောဂါကူးစက်ခံရပါက

စောစီးစွာသိရှိနိုင်ရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အခြေခံအဆောက်အအုံများ ပြင်ဆင်ထားမှုကို စစ်ဆေးထားရန်တို့ကို ညွှန်ကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly