အိန္ဒိယ၏ ရေတပ်နေ့ အခမ်းအနားကို အနောက်ပိုင်း ရေတပ်တွင် ကမ္ဘာ့အကြီးဆုံး နိုင်ငံတော်အလံကို ပြသ၍ ကျင်းပ

By NDTV
13 December 2021
အိန္ဒိယ၏ ရေတပ်နေ့ အခမ်းအနားကို အနောက်ပိုင်း ရေတပ်တွင် ကမ္ဘာ့အကြီးဆုံး နိုင်ငံတော်အလံကို ပြသ၍ ကျင်းပ

အိန္ဒိယနိုင်ငံ၏ ရေတပ်နေ့အခမ်းအနားကို ဒီဇင်ဘာ ၄ ရက်က မွမ်ဘိုင်းမြို့၏ အထင်ကရနေရာဖြစ်သော Gateway of India အနီးရှိ ရေတပ်သင်္ဘောကျင်းတွင် ကျင်းပရာ ကမ္ဘာ့အကြီးဆုံး နိုင်ငံတော်အလံကို အပေါ်စီးမှ မြင်ကွင်းဖန်တီး၍ ပြသခဲ့သည်။

အိန္ဒိယရေတပ်သည် ၁၉၇၁ခုနှစ်၊ ဒီဇင်ဘာ ၄ ရက်က Trident အမည်ရှိ စစ်ဆင်ရေးကို ပြုလုပ်ကာ ပါကစ္စတန် ရေတပ်သင်္ဘောများကို ကရာချိဆိပ်ကမ်းတွင် နှစ်မြှုပ်ခဲ့သည်။

ယခုဖြန့်ခင်း ပြသခဲ့သည့် အလံသည် အလျာ ၂၂၅ ပေနှ့် အနံ ပေ ၁၅၀ ရှိကာ ၁၄၀၀ ကီလိုဂရမ် အလေးချိန်ရှိသည်။

ပါကစ္စတန်လေတပ်က အိန္ဒိယအနောက်ပိုင်းရှိ လေယာဉ်ကွင်းများကို ဒီဇင်ဘာ ၃ ရက်တွင် တိုက်ခိုက်ခဲ့ပြီး နောက်တစ်နေ့တွင် အိန္ဒိယ ရေတပ်ဖွဲ့များက ပြန်လည်တိုက်ခိုက်သည့်နေ့ကို ရေတပ်နေ့ဟု သတ်မှတ်ထားသည်။ ယင်းနေ့တွင် အိန္ဒိယက ပါကစ္စတန်ကို စစ်ကြေညာလိုက်ပြီး Trident စစ်ဆင်ရေးကို စတင်ခဲ့ပြီး အိန္ဒိယရေတပ်စစ်သင်္ဘော Killer Squadron က ပါကစ္စတန် သင်္ဘော ၂ စင်းကို နှစ်မြှုပ်ပစ်ခဲ့သည်။ မွမ်ဘိုင်းတွင် တပ်စွဲထားသည့် အိန္ဒိယရေတပ်သင်္ဘောများက ဒုံးကျည်များ ပစ်လွှတ်ကာ ပါကစ္စတန်၏ Khyber နှင့် Muhafiz စစ်သင်္ဘောများကို နှစ်မြှုပ်ခဲ့ခြင်း ဖြစ်ပြီး ယင်းနေ့ကို ရေတပ်နေ့အဖြစ် အိန္ဒိယက ကျင်းပခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly