အာဖရိကတွင် အာဏာသိမ်းရန် စစ်တပ်ကို အားပေးသည့် အခြေအနေကို တရုတ် ဖန်တီးနေ

By Latestly
13 December 2021
အာဖရိကတွင် အာဏာသိမ်းရန် စစ်တပ်ကို အားပေးသည့် အခြေအနေကို တရုတ် ဖန်တီးနေ

အနောက်အင်အားကြီးနိုင်ငံများ ဆုတ်ခွာနေသည့် အာဖရိကတိုက်တွင် အာဏာသိမ်းရန် ဗိုလ်ချုပ်ကြီးများနှင့် စစ်အုပ်စုများကိုအားပေးအားမြှောက်ပြုသည့် ဝန်းကျင်တစ်ခုကို တရုတ်က ဖန်တီးရင်း အလုပ်များနေသည်ဟု မီဒီယာတစ်ခုက ဖော်ပြသည်။

ဟားဗတ်တက္ကသိုလ်မှ ကထိက ခရစ်တိုဖာရိုဒက်စ်က Al Jazeera ၏ အတွေးအမြင်ကဏ္ဍ၌ "အနောက်အင်အားကြီးနိုင်ငံများဘက်မှ နောက်ဆုတ်သွားခြင်းနှင့် သက်ဦးဆံပိုင်စနစ်နှင့်အကျွမ်းဝင်သော တရုတ်တို့ အားကောင်းလာခြင်းက အာဖရိကတွင် စစ်ဗိုလ်ချုပ်များနှင့် စစ်အုပ်စုများကို အားကောင်း လာစေမည့် ဝန်းကျင်ကို ဖန်တီးပေးလျက်ရှိသည်" ဟု ဖော်ပြခဲ့သည်။

အာဏာသိမ်းမှုသည် ဆူဒန်နိုင်ငံသားများအတွက် နာကြည်းမှု အရင်းအမြစ်တစ်ခုအဖြစ် ရှိနေဆဲ ဖြစ်သော်လည်း အမေရိကန်သည် အဆိုပါကိစ္စနှင့်ပတ်သက်၍ ပြတ်ပြတ်သားသား ရပ်တည်ချက် မရှိသေးကြောင်း ရိုဒက်စ်က ပြောကြားခဲ့သည်။

အနောက်အုပ်စု၏ တုံ့ပြန်မှုသည် စစ်ဘက်ဗိုလ်ကျစိုးမိုးမှုကို ဆက်လက် ငြင်းပယ်နေသည့် ဆူဒန်နိုင်ငံသားများနှင့် အကြီးအကျယ် ကွဲလွဲလျက်ရှိကြောင်း ရိုဒက်စ်က ပြောသည်။အမေရိကန် သံတမန်များသည် အစီအစဉ်သစ်ကို လက်ခံကြောင်းနှင့် အသွင်ကူးပြောင်းရေးအစိုးရ၏ စစ်တပ် ဆက်လက်လွှမ်းမိုးမှုကို မသိကျိုးကျွန်ပြုရန် ဆန္ဒရှိနေကြောင်း အချက်ပြလိုက်ခြင်းဖြစ်သည်ဟု ရေးသားထားသည်။

၎င်းသည် အာဖရိကအတွက် ဖွဲ့စည်းထားသော အာဏာသိမ်းမှုဆန့်ကျင်ရေးညွန့်ပေါင်းအဖွဲ့ကို ပြိုကွဲစေကာ အာဖရိကတိုက်တွင် အာဏာလွှဲပြောင်းပေးသည့် ဦးဆောင်နည်းလမ်းအဖြစ် ပြန်လည်ပေါ်ထွက်လာလျက် စစ်ဘက်ဆိုင်ရာ စွက်ဖက်မှုများကို ဖြစ်စေသည်ဟု ရိုဒက်စ်က ပြောသည်။

အာဖရိကတွင် ဒီမိုကရေစီတိုက်ပွဲနှင့် စစ်အုပ်ချုပ်ရေးကိုဆန့်ကျင်မှုများ၌ သိသာထင်ရှားသော ဆုတ်ယုတ်မှုများ မြင်တွေ့လာရသည်ဟု ရိုဒက်စ်က ပြောသည်။ အာဖရိကပြည်သူများသည် ဒီမိုကရေစီအတွက် တစ်ခဲနက် နှစ်မြှုပ်ထားကြကာ စစ်အစိုးရများကို ဆန့်ကျင်နေသော်လည်း ယုံကြည်စိတ်ချရသော နိုင်ငံတကာဒီမိုကရေစီရေးမိတ်ဖက်များကင်းမဲ့ခြင်းကြောင့် စစ်အုပ်ချုပ်ရေးကို ခက်ခက်ခဲခဲ တွန်းလှန်နေရသည်။

သို့သော် ဆူဒန်တွင် ဆက်တိုက်ဖြစ်ပွားနေသည့် စစ်တပ်ဆန့်ကျင်ရေး ဆန္ဒပြမှုများကြောင့် ပြည်သူများသည် မိမိတို့ကိုယ်ကို မိမိသာ အားကိုးရမည်ဖြစ်သော်လည်း ဒီမိုကရေစီတိုက်ပွဲကို ဆက်လက်ဆင်နွှဲရန် ဆန္ဒရှိကြောင်း ရိုဒက်စ်ကရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly