ဘင်္ဂလားဒေ့ရှ်သို့ စီးကရက်များ တရားမဝင်တင်သွင်းသည့် တရုတ်နိုင်ငံသား ဖမ်းဆီးခံရ

By Bangladesh Livenews
13 December 2021
ဘင်္ဂလားဒေ့ရှ်သို့ စီးကရက်များ တရားမဝင်တင်သွင်းသည့် တရုတ်နိုင်ငံသား ဖမ်းဆီးခံရ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်ရှိ တက်ခ်နက်ဖ်ဧရိယာတွင် ကမ်းခြေစောင့်တပ်ဖွဲ့၏ စစ်ဆင်ရေးအတွင်း တရုတ်ဆေးလိပ်အထုပ်ပေါင်း ၁၀၈၄၀ ထုပ်နှင့် အတူ တရုတ်မှောင်ခိုသမားတစ်ဦးကို ဖမ်းဆီးရမိခဲ့သည်။

တက်ခ်နက်ဖ်ဧရိယာရှိ ရှဟာပါရီကျွန်းနား၊ ပင်လယ်ပြင်ဧရိယာရှိ BCG စခန်းတွင် အထူးစစ်ဆင်ရေးကို ဒီဇင်ဘာ ၄ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် တက်ခ်နက်ဖ်စခန်း၏ လက်ထောက်တပ်မှူး အမ်နာအမ်းအယ်ဟက်၏ ဦးဆောင်မှုဖြင့် ပြုလုပ်ခဲ့စဉ်တွင် ယခုကဲ့သို့ ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များသည် စစ်ဆင်ရေးအတွင်း အဆိုပါ ရေယာဉ်၏ သွားလာမှုကို သံသယရှိလာသဖြင့် လှေအားရပ်တန့်ရန် အချက်ပြခဲ့သည်။

ကမ်းခြေစောင့်တပ်ကို မြင်တွေ့ချိန်တွင် ရေယာဉ်အား ဦးတည်ရာကို အမြန်ပြောင်းကာ ထွက်ပြေး သွားခဲ့သည်။

တောင်တန်းများကြားတွင် ကမ်းခြေစောင့်တပ်သားများက အဆိုပါလှေကို ရှာဖွေခဲ့ရာ Yanpeng(30) အမည်ရှိ တရုတ်စီးကရက် အထုပ်ပေါင်း ၁၀၈၄၀ ထုပ်နှင့်အတူ တရုတ်အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိခဲ့သည်။

သိမ်းဆည်းရမိသည့် စီးကရက်များနှင့် ဖမ်းဆီးခံရသူအား တက်ခ်နက်ဖ်စံပြရဲစခန်းသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး အဆိုပါကိစ္စနှင့် ပတ်သက်၍ အမှုဖွင့်စစ်ဆေးနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly