ကလေးမြို့ ပင်မသပိတ် စစ်ကြောင်း ၃၀၈ ရက်မြောက် ချီတက်ဆန္ဒပြ

ကလေးမြို့ ပင်မသပိတ် စစ်ကြောင်း ၃၀၈ ရက်မြောက် ချီတက်ဆန္ဒပြ

ဒီဇင်ဘာလ ၁၂ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့ ပင်မသပိတ် စစ်ကြောင်းသည် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ရက်ပေါင်း ၃၀၈ ရက်မြောက်နေ့အဖြစ် ယနေ့ ဒီဇင်ဘာလ ၁၂ ရက်တွင် ချီတက် ဆန္ဒပြကြသည်။

လုံခြုံရေးနှင့် အစစ်အဆေး တင်းကျပ်မှုများ ကြားမှ “ဆိတ်သုဉ်းနေတဲ့ လူ့အခွင့်အရေး တော်လှန်ရေးနဲ့ပြန်သိမ်းပိုက်ကြ” စာတမ်းကိုင်စွဲပြီး ကြွေးကြော်သံများဟစ်ကြွေးကာ ချီတက်ခဲ့ကြသည်။

ကလေးမြို့ပင်မ သပိတ်စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၇ ရက်မှ စတင်၍ နေ့စဉ် မပျက်မကွက် ချီတက် ဆန္ဒပြနေကြခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly