ဖားကန့်မြို့တွင် စစ်ကောင်စီခန့် ရာအိမ်မှူး ၁ ဦး ပစ်ခတ်ခံရ၍ သေဆုံး

ဖားကန့်မြို့တွင် စစ်ကောင်စီခန့် ရာအိမ်မှူး ၁ ဦး ပစ်ခတ်ခံရ၍ သေဆုံး

ဒီဇင်ဘာလ ၁၂ရက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် စစ်ကောင်စီခန့် ရာအိမ်မှူးတစ်ဦး ယနေ့ ဒီဇင်ဘာလ ၁၂ ရက် မနက် ၉ နာရီ ဝန်းကျင်က ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း ဒေသခံထံက သိရသည်။

ပစ်ခတ်ခံရ၍ သေဆုံးသွားသူမှာ ဖားကန့်မြို့နယ် ဆိပ်မူ(ဆိုင်းတောင်) ရပ်ကွက် (၄)မှ ရာအိမ်မှူးဖြစ်သည့် ဦးဝင်းနိုင်ဖြစ်ပြီး ဦးခေါင်းတွင် သေနတ်ဒဏ်ရာ တစ်ချက်ဖြင့် သေဆုံးသွားကြောင်း မျက်မြင်များက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၀ ရက် ည ၈ နာရီကျော်ကလည်း ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက် စည်ပင်အောင်မြေကွက်သစ်ဘက်တွင် စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်သည့် အသက် ၅၂ နှစ်အရွယ် ဦးအောင်ပိုင် (ခ) ဝင်းနိုင် ဆိုသူလည်း သေနတ်ဒဏ်ရာ ငါးချက်ဖြင့် သေဆုံးခဲ့သည်။

လက်ရှိအချိန်တွင် စစ်ကောင်စီက စစ်ဆေးမှုများကို ပြုလုပ်နေကြောင်း ကနဦး စုံစမ်းသိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly