မြန်မာယူ - ၁၇အသင်း ၂၀၁၇ ယူ - ၁၇ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ရန် ပစ်မှတ်ထားပြင်ဆင်မည်

မြန်မာယူ - ၁၇အသင်း ၂၀၁၇ ယူ - ၁၇ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ရန် ပစ်မှတ်ထားပြင်ဆင်မည်
၂၀၁၅ အာဆီယံယူ-၁၆ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာနှင့်လာအိုတို့ယှဉ်ပြိုင်ကစားနေစဉ်။ (ဓာတ်ပုံ-MFF)

ဇန်နဝါရီ ၃၊ ရန်ကုန် ။          ။ ၂၀၁၇ ဖီဖာယူ-၁၇ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ကို မြန်မာယူ - ၁၇အသင်း အောင်မြင်ရန်အတွက် ပစ်မှတ်ထားပြင်ဆင်မည်ဟု သြစတြေးလျလူမျိုးနည်းပြ အဲရစ်ဝီလျံကပြောသည်။

မြန်မာယူ-၁၇အသင်းကို လက်ရှိအချိန်တွင်ဖွဲ့စည်းထားခြင်းမရှိသေးပဲ ယူ-၁၄အကယ်ဒမီများပြိုင်ပွဲမှ ထူးချွန်လူငယ်များကို ရွေးချယ်ကာစခန်းဝင်လေ့ကျင့်မှုများပြုလုပ်ရန် စီစဉ်ထားသည်။ “ရည်မှန်းချက်က ၂၀၁၇ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ဖို့ပါ။ ဒါပေမယ့် တစ်ဆင့်ချင်းသွားပါမယ်။ အာဆီယံယူ-၁၆ချန်ပီယံရှစ်မှာ အတွေ့အကြုံယူပြီး ၂၀၁၆ အာရှယူ-၁၆ချန်ပီယံရှစ်ခြေစစ်ပွဲအောင်ဖို့ကြိုးစားမယ်။ အာရှပြိုင်ပွဲကနေတစ်ဆင့် ကမ္ဘာ့ဖလားအောင်ဖို့ကြိုးစားမှာပါ။”ဟု အဲရစ်ဝီလျံကပြောသည်။

မြန်မာယူ - ၁၇အသင်းအနေဖြင့် ၂၀၁၇ကမ္ဘာ့ဖလားခြေစစ်ပွဲမအောင်မြင်ခဲ့ပါက မျိုးဆက်သစ်အသင်း တစ်သင်း ထပ်မံဖွဲ့စည်းကာ ၂၀၁၉ ပြိုင်ပွဲတွင်ခြေစစ်ပွဲအောင်ရန်လည်း စီမံချက်ရေးဆွဲထားသည်။ ၂၀၁၇ယူ-၁၇ကမ္ဘာ့ဖလားပြိုင်ပွဲကို အိန္ဒိယနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်ဖြစ်ပြီး အသင်း ၂၄သင်း ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly