တရုတ်စစ်လေယာဉ်များ ထိုင်ဝမ်သို့ ကျူးကျော်ဝင်ရောက်မှု နိုဝင်ဘာလတွင် ၁၅၉ ကြိမ်အထိ ရှိခဲ့

By TAIPEI Times
11 December 2021
တရုတ်စစ်လေယာဉ်များ ထိုင်ဝမ်သို့ ကျူးကျော်ဝင်ရောက်မှု နိုဝင်ဘာလတွင် ၁၅၉ ကြိမ်အထိ ရှိခဲ့

တရုတ်စစ်လေယာဉ်များသည် နိုဝင်ဘာလတွင် ထိုင်ဝမ်၏ လေကြောင်းရန်ကာကွယ်ရေးသတ်မှတ်ဇုန်အတွင်းသို့ ကျူးကျော်ဝင်ရောက်မှု ၁၅၉ ကြိမ် ပြုလုပ်ခဲ့ကြောင်း AFP သတင်းဌာန၏ အချက်အလက်များတွင် ဖော်ပြထားပြီး ဒုတိယမြောက် အများဆုံးအရေအတွက် လအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ထိုင်ဝမ်သမ္မတ စိုင်းအမ်ဝမ်တက်လာပြီးချိန်မှစ၍ တရုတ်က ထိုင်ဝမ်ကို ဖိအားများပေးနေသည်။

လတ်တလောတွင် မဖြစ်နိုင်ဟု ယူဆနိုင်သော်လည်း တရုတ်က ထိုင်ဝမ်ကို ကျူးကျော်ရန် အမိန့်ပေးနိုင် သည်ဆိုသည့် စိုးရိမ်မှုများ ထိုင်ဝမ်၏ အနောက်တိုင်းမဟာမိတ်များအကြားတွင် တိုးလာနေသည်။

ပင်တဂွန်စစ်ဌာနချုပ်သည် တရုတ်ကို ရည်ရွယ်သည့် တပ်ဖြန့်မှုများနှင့် အခြေစိုက်စခန်းများကို အားဖြည့်ရန်၊ ဂူအမ်နှင့် ဩစတြေးလျရှိ စစ်စခန်းများကို အဆင့်မြှင့်တင်ခြင်းနှင့် တိုးချဲ့ခြင်းများ ပြုလုပ်ရန် အစီအစဉ်များကို နိုဝင်ဘာ ၃၀ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

နိုဝင်ဘာလသည် တိုက်လေယာဉ် အစင်း ၁၀ဝ ကျော် ဆက်တိုက်ကျူးကျော်ဝင်ရောက်ခဲ့သည့် တတိယမြောက်လဖြစ်သည်။

နိုဝင်ဘာလက ကျူးကျော်မှုများတွင် တိုက်လေယာဉ် အစင်း ၁၀ဝ နှင့် တရုတ်၏ နျူကလီးယား ထိပ်ဖူး သယ်ဆောင်နိုင်သော H6 ဗုံးကြဲလေယာဉ် ၉ စင်းတို့ ပါဝင်သည်။

တရုတ်သည် ဇုန်၏ အနောက်တောင်ဘက်ပိုင်းကို အဓိကထား ဝင်ရောက်နေသည်။

အောက်တိုဘာလတွင် ကျူးကျော်ဝင်ရောက်မှု ၁၉၆ ကြိမ်ရှိသည့်အနက် တရုတ်အမျိုးသားနေ့ အထိမ်းအမှတ် ပြုလုပ်သည့် ၄ရက်အတွင်း ကျူးကျော်ဝင်ရောက်မှု ၁၄၉ ကြိမ်ဖြင့် စံချိန်အများဆုံး တင်ခဲ့သည့် လ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required