တရုတ်က ထိုင်ဝမ်ကို ကျူးကျော်လျှင် ဆိုးရွားသည့် အကျိုးဆက်များ ခံစားရမည်ဟု အမေရိကန် ပြောကြား

By Economic Times
11 December 2021
တရုတ်က ထိုင်ဝမ်ကို ကျူးကျော်လျှင် ဆိုးရွားသည့် အကျိုးဆက်များ ခံစားရမည်ဟု အမေရိကန် ပြောကြား

ထိုင်ဝမ်ကို တရုတ်၏ ရန်လိုမှု တိုးလာခြင်းက အခြားနိုင်ငံများ အထူးသဖြင့် အမေရိကန်အတွက် စိုးရိမ်စရာ ဖြစ်လာသည်။

တရုတ်က ထိုင်ဝမ်ကျွန်းကို ကျူးကျော်ရန် ဆုံးဖြတ်ပါက ဆိုးရွားသော အကျိုးဆက်များ ခံစားရမည်ဟု အမေရိကန်က သတိပေးထားသည်။

တရုတ်က ထိုင်ဝမ်ကျွန်းကို ကျူးကျော်ရန် ဆုံးဖြတ်ပါက ကြီးမားသည့် နောက်ဆက်တွဲဂယက်များ ရှိလာမည် ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီဘလင်ကင်က သတိပေးခဲ့ကြောင်း ရိုက်တာနှင့် တွေ့ဆုံခန်းတွင် ပြောကြားခဲ့သည်။

အမေရိကန်က တရုတ်နှင့် ဆက်ဆံရေး တည်ငြိမ်စေရန် တရုတ်တစ်ပြည်ထောင်မူဝါဒကို လက်ခံသော် လည်း ထိုင်ဝမ်ကျွန်းအပေါ် တရုတ်၏ ရန်လိုမှုများ တိုးလာခြင်းအပေါ် အာရုံစိုက်နေကြောင်း ဘလင်ကင်က မှတ်ချက်ပြုခဲ့သည်။

" ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း ကျွန်တော်တို့ ကံမကောင်းစွာနဲ့ တွေ့မြင်ခဲ့ရတာက ထိုင်ဝမ်ကို အထီး ကျန်ဆန်ပြီး ကျန်နိုင်ငံတွေ၊ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ထိတွေ့ဆက်ဆံမှုကို ငြင်းဆိုကာ ထိုင်ဝမ်အပေါ် စစ်ရေးလှုပ်ရှားမှုဖိအားများတိုးမြှင့်ခြင်းဖြင့် အဆိုပါအခြေအနေကို ပြောင်းလဲရန် တရုတ်က ကြိုးပမ်းနေခြင်းဖြစ်ပါတယ်။ အဲဒါက အန္တရာယ်ရှိပါတယ်” ဟု ဘလင်ကင်က ပြောကြားခဲ့သည်။

“ထိုင်ဝမ်က မိမိကိုယ်ကို ခုခံကာကွယ်နိုင်ခွင့် ရှိတယ်ဆိုတာ သေချာအောင် ကျွန်တော်တို့က လေးနက်စွာ ကတိပြုထားပါတယ်။”

တရုတ်က ထိုင်ဝမ်အား ယင်း၏ပိုင်နက်နယ်မြေအဖြစ် ရှုမြင်ထားပြီး ပြန်လည်ပေါင်းစည်းရေး လုပ်ဆောင်ရန် ဖိအားပေးမှုများ လုပ်ဆောင်နေသည်။

ထိုင်ဝမ်နှင့် ဒီမိုကရက်တစ်အစိုးရတို့က ထိုင်ဝမ်ကျွန်းအား တရုတ်က ကျူးကျော် ဝင်ရောက်လာပါက ကာကွယ်သွားမည် အလေးအနက် ဆုံးဖြတ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly