ဂျာမနီနိုင်ငံခြားရေးဝန်ကြီးအသစ်၏ စကားထိုးနှက်ချက်အပေါ် တရုတ်တုံ့ပြန်

ဂျာမနီနိုင်ငံခြားရေးဝန်ကြီးအသစ်၏ စကားထိုးနှက်ချက်အပေါ် တရုတ်တုံ့ပြန်

ဂျာမနီနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးအသစ်က တရုတ်နိုင်ငံအပေါ် တင်းကျပ်သော ရပ်တည်ချက်ကို ထောက်ခံပြောဆိုသဖြင့် တရုတ်ကို ဒေါသထွက်စေခဲ့သည်။

အိုလက်ရှော့ဇ်၏ညွန့်ပေါင်းအစိုးရတာဝန်ယူချိန်တွင် သူမ၏အခန်းကဏ္ဍကိုတာဝန်ယူရမည့် အန်နာလီနာဘေရာဘော့က “လွန်ခဲ့သည့် နှစ်များတွင် နှုတ်ဆိတ်နေခြင်းကို ကျင့်သုံးကြခြင်းသည် သံတမန် နည်းလမ်း တစ်ခုမဟုတ်ဟု အင်တာဗျူးတစ်ခုတွင် ဖြေဆိုခဲ့သည်။ ဂျာမနီနိုင်ငံရှိ တရုတ်သံရုံးက ဂရင်းပါတီ၏ နိုင်ငံရေးသမားအား သမိုင်းကြောင်းအရ ဆက်ဆံရေးကို ပြန်ကြည့်ရန် ပြောဆိုခဲ့သည်။

ဘာလင်ရှိ အစိုးရသစ်သည် အာဏာရှင်ဆန်သော အရှေ့ဖျားနိုင်ငံအပေါ် အနောက်နိုင်ငံများထက်ပင် ပို၍လျစ်လျူရှုကြောင်း တွေ့မြင်နိုင်ပေသည်။

ဘေရာဘော့က “ဥရောပ ဒီမိုကရေစီနိုင်ငံတွေနဲ့ အတ္တလန်တိတ် ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ကျွန်မတို့ဟာ တရုတ်လို အာဏာရှင်အစိုးရနဲ့ စနစ်ကျတဲ့ ပြိုင်ဆိုင်မှုတစ်ခုထဲမှာ ရှိနေပါတယ်” ဟု ဂျာမနီသတင်းစာ Tageszeitung သို့ ပြောခဲ့သည်။

"ဒီကိစ္စနဲ့ ပတ်သက်လို့ ဒီမိုကရက်တစ် မိတ်ဖက်တွေနဲ့ မဟာဗျူဟာမြောက်စည်းလုံးညီညွတ်မှုကို ရှာဖွေဖို့၊ ကျွန်မတို့ရဲ့ ဘုံတန်ဖိုးတွေနဲ့ အကျိုးစီးပွားတွေကို အတူတကွ ကာကွယ်ဖို့နဲ့ နိုင်ငံခြားရေးမူဝါဒမှာ စိတ်ရှည်သည်းခံပြီး ဒီတန်ဖိုးတွေကို အသိပေးဖို့ အရေးကြီးပါတယ်" ဟုဆိုသည်။

၎င်းလက်ထက်တွင် ဂျာမနီသည် တရုတ်နိုင်ငံနှင့် ပိုမိုထိပ်တိုက်ရင်ဆိုင်မည်လားဟူသော မေးခွန်းနှင့်ပတ်သက်၍ ဘေရာဘော့က “တွေ့ဆုံဆွေးနွေးမှုသည် ကမ္ဘာ့နိုင်ငံရေး၏ အဓိကကျသော အစိတ်အပိုင်းဖြစ်သည်” ဟု ပြန်လည်ဖြေဆိုခဲ့သည်။

“အထူးသဖြင့် တရုတ်ဟာ ဥရောပဈေးကွက်မှာ ကြီးမားတဲ့ အကျိုးစီးပွားရှိပါတယ်။ အဓမ္မ အလုပ်ခိုင်းစေမှုတွေရှိတဲ့ ရှင်ကျန်းလိုဒေသတွေက ထွက်ကုန်ပစ္စည်းတွေ ဝင်ရောက်ခွင့်မရှိတော့ရင်

တရုတ်နိုင်ငံလို တင်ပို့တဲ့ နိုင်ငံအတွက် ကြီးမားတဲ့ ပြဿနာတစ်ခုပါ။ ကျွန်မတို့ ဥရောပသားတွေဟာ ဘုံပြည်တွင်းရေးစျေးကွက်မှာ ဒီဩဇာအရှိန်အဝါကို ကောင်းကောင်းအသုံးပြုသင့်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

“ ဒါပေမယ့် ဂျာမနီနိုင်ငံက သူ့ရဲ့ ကိုယ်ပိုင်တရုတ်မူဝါဒကို ရေးဆွဲတဲ့အခါ အရင်ကလို အကြီးဆုံးအဖွဲ့ဝင်နိုင်ငံအဖြစ်မဟုတ်ဘဲ အဖွဲ့ဝင် ၂၇ နိုင်ငံစလုံးက အတူတကွ ပူးပေါင်းလုပ်ဆောင်မှသာ ဒါက အလုပ်ဖြစ်မှာပါ။ တရုတ်နဲ့ပတ်သက်တဲ့ ဘုံဥရောပပေါ်လစီတစ်ခု လိုအပ်ပါတယ်” ဟုဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly