Didi ကုမ္ပဏီက တရုတ်အစိုးရ၏ ဖိအားကို အလျှော့ပေးကာ နယူးယောက်စတော့အိတ်ချိန်းမှ နုတ်ထွက်

Didi ကုမ္ပဏီက တရုတ်အစိုးရ၏ ဖိအားကို အလျှော့ပေးကာ နယူးယောက်စတော့အိတ်ချိန်းမှ နုတ်ထွက်

အငှားယာဉ်ကုမ္ပဏီကြီး Didi Global သည် နယူးယောက်စတော့အိတ်ချိန်း၌ စာရင်းသွင်းအပြီး ၅ လအကြာတွင် နုတ်ထွက်ကာ ဟောင်ကောင်စတော့အိတ်ချိန်းသို့ ဝင်ရောက်စီစဉ်နေကြောင်း သိရသည်။

အဆိုပါ အပြောင်းအရွှေ့သည် တရုတ်အစိုးရကို ကျေနပ်စေပြီး ပြည်တွင်းတွင် ၎င်း၏ စီးပွားရေး အလားအလာ ပြန်လည်နိုးထမှုအတွက် အထောက်ပအပံ့အဖြစ် ဆောင်ရွက်လိမ့်မည်ဟု ရင်နှီးမြှုပ်နှံသူများက ကနဦးတွင် လောင်းကြေးထပ်ခဲ့သည်။

ကြိုတင်စျေးကွက်ရောင်းဝယ်မှုတွင် အမြတ်နှင့် အရှုံးများအကြား တစ်လှည့်စီဖြစ်ပေါ်ပြီးနောက် ကုမ္ပဏီ၏ ရှယ်ယာများသည် ၁၅ ရာခိုင်နှုန်းခန့် ကျဆင်းသွားပြီး အစုရှယ်ယာများသည် တစ်နေ့တာအဆုံး၌ ၂၂ ရာခိုင်နှုန်းခန့် အထိ ထိုးကျသွားသည်။

"သုတေသနအသေအချာပြုလုပ်ပြီးနောက် ကုမ္ပဏီသည်နယူးယောက်စတော့အိတ်ချိန်းမှ နုတ်ထွက်ကာ ဟောင်ကောင်တွင်စာရင်းသွင်းရန်ပြင်ဆင်မှုများစတင်လိမ့်မည်" ဟု Didi က ၎င်း၏တွစ်တာကဲ့သို့သော Weibo အကောင့်တွင် ဒီဇင်ဘာ ၃ ရက်တွင် ပြောကားခဲ့သည်။

ဒေတာလုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကြောင့် နယူးယောက် စတော့အိတ်ချိန်းမှ ထွက်ခွါပြီး အစီအစဉ်ကို ရေးဆွဲရန် တရုတ်စည်းမျဉ်းစည်းကမ်းထိန်းသိမ်းသူများအဖွဲ့က Didi ၏ ထိပ်တန်းအမှုဆောင်များကို ဖိအားပေးခဲ့ကြောင်း သတင်း အရင်းအမြစ်များက ရိုက်တာသို့ ပြီးခဲ့သည့်က ပြောကြားခဲ့သည်။

Didi ၏ဘုတ်အဖွဲ့သည် ဒီဇင်ဘာ ၂ ရက်တွင် တွေ့ဆုံခဲ့ပြီး အမေရိကန်မှ နုတ်ထွက်၍ဟောင်ကောင်တွင် စာရင်းသွင်းခြင်းအစီအစဉ်များကို အတည်ပြုခဲ့ကြောင်း အဆိုပါကိစ္စနှင့်အကျွမ်းဝင်သူ သတင်းရင်းမြစ် ၂ ခုက ပြောကြားခဲ့သည်။

အင်အားကောင်းသော တရုတ်ဆိုက်ဘာစီမံခန့်ခွဲရေးအဖွဲ့ (CAC) သည် Didi ၏ မိုဘိုင်းအက်ပ် ၂၅ ခုကို ဖယ်ရှားရန် အက်ပ်စတိုးများအား လျင်မြန်စွာ အမိန့်ပေးခဲ့ပြီး နိုင်ငံတော်လုံခြုံရေးနှင့် အများပြည်သူ အကျိုးစီးပွားကို ကိုးကားပြောဆိုလျက် သုံးစွဲသူအသစ်များ စာရင်းသွင်းခြင်းကို ရပ်တန့်ရန် ကုမ္ပဏီအား ပြောကြားခဲ့သည်။

အငှားယာဉ်အပြင် ပစ္စည်းများ လိုက်လံပို့ဆောင်ပေးခြင်းနှင့် ငွေကြေးဝန်ဆောင်မှုများကဲ့သို့သော အက်ပ်များ ဝန်ဆောင်မှုပေးသည့် Didi ကုမ္ပဏီအားဆက်လက်စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required