တရုတ်တွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၇၅ ဦး တွေ့ရှိကာ အတွင်းမွန်ဂိုးလီးယား၌ ဒါဇင်ပေါင်းများစွာ ကူးစက်

တရုတ်တွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၇၅ ဦး တွေ့ရှိကာ အတွင်းမွန်ဂိုးလီးယား၌ ဒါဇင်ပေါင်းများစွာ ကူးစက်

တရုတ်နိုင်ငံသည် ကပ်ရောဂါကို ထိန်းချုပ်ရန် ဆက်လက်တိုက်ပွဲဝင်နေစဉ်မှာ အတွင်းမွန်ဂိုလီးယား၌ ရောဂါထပ်မံကူးစက်ခံရသူ ၆၁ ဦး အပါအဝင် ပြည်မကြီး၌ ကိုဗစ်-၁၉ ကူးစက်ခံရသူပေါင်း ၇၅ ဦးရှိကြောင်း ဒီဇင်ဘာ ၃ ရက်က ထုတ်ပြန်ခဲ့သည်။

ဟေလုံကျန်းပြည်နယ်တွင် ၅ ဦး၊ ဟဲပေပြည်နယ် မြို့တော် ရှီကျားကျွမ်းတွင် ၄ ဦး၊ ယူနန်ပြည်နယ်တွင် ၄ ဦးနှင့် ကွမ်တုံပြည်နယ်တွင် ၁ ဦး ရောဂါကူးစက်ခံရကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်၏ ဒီဇင်ဘာ ၄ ရက် နေ့စဉ်အစီရင်ခံစာအရ သိရပြီး နိုင်ငံအဝှမ်းတွင် ပြည်ပမှကူးစက်ခံရသူ ၁၅ ဦးရှိခဲ့သည်။

လက်ရှိရောဂါဖြစ်ပွားမှုဗဟိုချက်ဖြစ်သော ရုရှားနယ်စပ်ရှိ အတွင်းမွန်ဂိုးလီးယား မန်ကျိုးလီမြို့တွင် ဒီဇင်ဘာ ၃ ရက်က ကိုဗစ်-၁၉ ကူးစက်ခံရသူ ၅၈ ဦးရှိပြီး ၇ ကြိမ်မြောက်အဖြစ် အစုလိုက်အပြုံလိုက်စမ်းသပ်မှုကို စတင်ခဲ့ကြသည်။

တရုတ်နိုင်ငံတွင် အိုမီခရွန်မျိုးကွဲကိုမတွေ့ရသေးသော်လည်း ဖေဖော်ဝါရီတွင် ကျင်းပမည့် ပေကျင်းဆောင်းရာသီ အိုလံပစ်ပွဲအတွက် ပြင်ဆင်နေချိန်တွင် အာဏာပိုင်များက အခြေအနေကို ထိန်းချုပ်ရန် ကြိုးစားနေကြသည်။

တရုတ်နိုင်ငံသည် ဗိုင်းရပ်စ်ကို လုံးဝဖယ်ရှားပစ်ရန် ရည်ရွယ်ထားသည့် လုံးဝတင်းကျပ်သည့် မူဝါဒကို လိုက်နာဆဲ နိုင်ငံအနည်းငယ်အနက် တစ်နိုင်ငံဖြစ်သည်။

သို့သော် ယင်းသို့ လုပ်ဆောင်သည့် နည်းလမ်းသည် ကုန်ကျမှု ပိုမိုများပြား ခက်ခဲပြီး ကျန်ကမ္ဘာ့နိုင်ငံများတွင် ဗိုင်းရပ်စ်နှင့်အတူယှဉ်တွဲနေထိုင်ရန် စတင်လုပ်ဆောင်လျက်ရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly