အီးယူ-အမေရိကန် အစည်းအဝေးတွင် တိဗက်ဒေသတွင် တရုတ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို အလေးထားဆွေးနွေး

By Tibet.Net
11 December 2021
အီးယူ-အမေရိကန် အစည်းအဝေးတွင် တိဗက်ဒေသတွင် တရုတ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို အလေးထားဆွေးနွေး

တရုတ်နိုင်ငံဆိုင်ရာ ဒုတိယအကြိမ်မြောက် ဥရောပသမဂ္ဂ-အမေရိကန် အဆင့်မြင့်ဆွေးနွေးပွဲကို ဝါရှင်တန်၌ ဒီဇင်ဘာ ၂ ရက်က ကျင်းပခဲ့ရာ ဒုနိုင်ငံခြားရေးဝန်ကြီး ဝင်ဒီအာရှာမန်က အမေရိကန်ကို ကိုယ်စားပြုပြီး ဥရောပပြည်ပရေးရာဆောင်ရွက်မှုဌာန (EEAS) မှ အထွေထွေအတွင်းရေးမှူးချုပ် စတက်ဖ်နိုဆန်နီနိုက ဥရောပသမဂ္ဂကို ကိုယ်စားပြုသည်။

၎င်းတို့သည် နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ကိစ္စရပ်များကို ကျယ်ပြန့်စွာ ဆွေးနွေးခဲ့ကြသည်။ အဆင့်မြင့်အစည်းအဝေးအပြီး ပူးတွဲကြေညာချက်တွင် အီးယူနှင့် အမေရိကန်တို့သည် တရုတ်နိုင်ငံတွင် ဆက်လက်ဖြစ်ပွားနေသော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် တိဗက်အပါအဝင် စနစ်ကျသော ဖိနှိပ်မှုများကို ထောက်ပြခဲ့သည်။

နိုင်ငံတကာဥပဒေ ချိုးဖောက်မှုများနှင့် အမေရိကန်နှင့်အီးယူ၏ ဘုံတန်ဖိုးများနှင့် အကျိုးစီးပွားများကို ဆန့်ကျင်သောအရာများအပါအဝင် စိုးရိမ်ဖွယ်ရာ တရုတ်၏ လုပ်ရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။

ဒုနိုင်ငံခြားရေးဝန်ကြီး ရှာမန်နှင့် အထွေထွေအတွင်းရေးမှူးချုပ် ဆန်နီနိုတို့သည် အကြီးတန်းအရာရှိနှင့် ကျွမ်းကျင်သူအဆင့် ဤဆွေးနွေးပွဲတွင် အစည်းအဝေးများဆက်ကျင်းပရန် ဆုံးဖြတ်ခဲ့ကြပြီး လာမည့် အဆင့်မြင့်အစည်းအဝေးကို ၂၀၂၂ ခုနှစ် နှစ်လယ်၌ ကျင်းပမည်ဖြစ်သည်။

တရုတ်ဆိုင်ရာ ပထမဆုံးအကြိမ် အဆင့်မြင့်တွေ့ဆုံဆွေးနွေးပွဲကို ယခုနှစ်တွင် ဘရပ်ဆဲလ်၌ မေလ ၂၆ ရက်က ကျင်းပခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly