မွန်ဂိုလီးယား လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ဗုဒ္ဓဂါယာသို့ လာရောက်လည်ပတ်

By ANI
11 December 2021
မွန်ဂိုလီးယား လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ဗုဒ္ဓဂါယာသို့ လာရောက်လည်ပတ်

အိန္ဒိယနိုင်ငံသို့ အလည်အပတ်ခရီး ရောက်ရှိနေသည့် မွန်ဂိုလီးယားကိုယ်စားလှယ်အဖွဲ့သည် ဘီဟာပြည်နယ်ရှိ ဂါယာသို့ လာရောက်ကာ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်ဖြစ်သည့် မဟာဗောဓိဘုရားကျောင်းသို့ လာရောက် ဖူးမြှော်ခဲ့ကြသည်။

မွန်ဂိုလီးယားလွှတ်တော်ဥက္ကဌ ဂွမ်ဘိုဂျက်ဗ်ဇန်ဒန်ရှာတာက “ဒီလို မင်္ဂလာရှိတဲ့ နေရာကို လာရောက်ရလို့ ဝမ်းမြောက်ပါတယ်။ အိန္ဒိယဟာ မွန်ဂိုလီးယားရဲ့ အိမ်နီးချင်း မိတ်ဆွေနိုင်ငံအဖြစ် သတ်မှတ်ထားပါတယ်။ သမိုင်းကြောင်း၊ ယဉ်ကျေးမှုနှင့် ကိုးကွယ်ယုံကြည်မှုဆိုင်ရာ နယ်ပယ်တွေမှာ နှစ်နို်ငငံအကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု တိုးတက်နေပါတယ်။ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ လွတ်လပ်မှုတွေကိုလည်း နှစ်နိုင်ငံစလုံးက ကျင့်သုံးကြတာကြောင့် အိန္ဒိယကို ယုံကြည်လေးစားပါတယ်” ဟု ပြောကြားသည်။

“မွန်ဂိုလီးယားမှာ ဒီမိုကရက်တစ်အဖွဲ့အစည်း ဖြစ်ထွန်းရေးနဲ့ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေစနစ် ပေါ်ပေါက်စေဖို့ ဆက်လက်ကူညီပံ့ပိုးနေတဲ့ အိန္ဒိယနိုင်ငံကို တကယ့်ကို ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်” ဟုလည်း ၎င်းက ထည့်သွင်းပြောကြားသည်။

အိန္ဒိယ ဒုသမ္မတနှင့် နိုင်ငံတော်ကောင်စီဥက္ကဌ အမ်ဗန်ခိုင်အာနေဒူးက ဒီဇင်ဘာ ၁ ရက်တွင် မွန်ဂိုလီးယား ကိုယ်စားလှယ်အဖွဲ့အား ကြိုဆိုကာ မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်ရေးကို ပိုမိုနက်ရှိုင်းစွာ ဆောင်ရွက်သွားမည်ဟု ကတိပြုခဲ့သည်။

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီသည် မွန်ဂိုလီးယားသို့ ၂၀၁၅ ခုနှစ်တွင်လည်းကောင်း၊ မွန်ဂိုလီးယားသမ္မတသည် အိန္ဒိယသို့ ၂၀၁၉ ခုနှစ်တွင်လည်းကောင်း အပြန်အလှန်လည်ပတ်ခဲ့ကြပြီး မဟာဗျူဟာ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုကို ထူထောင်ကာ နှစ်နိုင်ငံအကြား ဆက်ဆံရေးကို တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly