အသုံးမပြုသော စက်မှုလုပ်ငန်းမြေများကို ဂျမူးနှင့် ကက်ရှ်မီးယားအစိုးရက ခွဲဝေပေးမည့် လုပ်ငန်းများစတင်

By India Blooms News Service
11 December 2021
အသုံးမပြုသော စက်မှုလုပ်ငန်းမြေများကို ဂျမူးနှင့် ကက်ရှ်မီးယားအစိုးရက ခွဲဝေပေးမည့် လုပ်ငန်းများစတင်

ဂျမူးနှင့် ကက်ရှ်မီးယားဒေသအစိုးရ ပြည်ထောင်စုနယ်မြေအတွင်းရှိ အသုံးမပြုသော မြေနေရာများကို ပြန်လည်အသုံးချနိုင်ရန် ပြင်ဆင်မှုများ လု်ဆောင်လျက်ရှိသည်။

ထုတ်ပြန်ကြေညာထားသည့် စက်မှုလုပ်ငန်း ဖွံ့ဖြိုးရေး အစီအစဉ်သစ်အရ လုပ်ငန်းများ ထူထောင်လိုသည့် ရင်းနှီးမြှုပ်နှံသူအသစ်များအား မြေနေရာများကို ခွဲဝေပေးရန် နေရာရှင်းလင်းရေး လုပ်ငန်းစဉ်များကို အစိုးရက စတင်သွားမည်ဟု စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

ဂျမူးနှင့် ကက်ရှ်မီးယားဒေသ စက်မှုလုပ်နင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘတ်ဂျက် ရူပီး ကုဋေ၂၈၄၀၀ အား ယခုနှစ်အစောပိုင်းတွင် ဗဟိုအစိုးရက ခွင့်ပြုပေးခဲ့သည်။

ယင်းအစီအစဉ်၏ စီမံကိန်းကာလသည် စတင်ထုတ်ပြန်ချိန်မှစ၍ ၂၀၃၇ ခုနှစ် အထိ ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုအသစ်များကို အားပေးခြင်း၊ တိုးချဲ့လုပ်ကိုင်ခြင်းနှင့် လက်ရှိစက်မှုလုပ်ငန်းများကို ပြုစုပျိုးထောင်ရေးတို့အပြင် လူပေါင်း ၄ သိန်းခွဲကို အလုပ်အကိုင်ဖန်တီးပေးရေးတို့လည်း ပါဝင်သည်။

အဆိုပါ အစီအစဉ်သစ်တွင် ရင်းနှီးမြှုပ်နှံမှုများအား စွဲဆောင်သည့်အနေဖြင့် နေရာစုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းကို ဇုန် အေနှင့် ၅၀ ရာခိုင်နှုန်းကို ဇုန် ဘီအတွက်ခွဲပေးထားကာ ကုန်ထုတ်လုပ်ရေးစက်ရုံများ၊ အဆောက်အအုံတည်ဆောက်ရေးနှင့် ဝန်ဆောင်မှုကဏ္ဍတို့အတွက် အသုံးပြုသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly