ကက်ရှ်မီးယားဒေသ၏ တိပ်မြုပ်ပျောက်ကွယ်နေပြီး အိုးလုပ်ငန်းအနုပညာအား ဆီနာဂါးလူငယ်များက ပြန်လည် အသက်ဝင်ရေး ကြိုးပမ်း

By India Blooms News Service
11 December 2021
ကက်ရှ်မီးယားဒေသ၏ တိပ်မြုပ်ပျောက်ကွယ်နေပြီး အိုးလုပ်ငန်းအနုပညာအား ဆီနာဂါးလူငယ်များက ပြန်လည် အသက်ဝင်ရေး ကြိုးပမ်း

ကူးသန်းရောင်းဝယ်ရေး ဘွဲ့ရတစ်ဦးဖြစ်သူ အသက် ၂၆ နှစ်အရွယ် မိုဟာမက်အူမာကုမာသည် ကက်ရှ်မီးယားဒေသ၏ အိုးလုပ်ငန်းအနုပညာကို တတ်မြောက်သည့် တစ်ဦးတည်းသော သက်ရှိထင်ရှားဖြစ်သည့် အသက် ၈၀ ကျော် အဖိုးအိုတစ်ဦးထံမှ အဆိုပါ ပညာကိုသင်ယူကာ ပြန်လည်အသက်ဝင်ရေးကို ကြိုးပမ်းလျက်ရှိသည်။

ကုမာသည် ၎င်း၏ မိသားစုအား အိုးလုပ်သည့် လက်မှုပညာရပ်ကို လေ့လာစေပြီး ပညာရပ်မပျောက်ကွယ်စေရန် လူငယ်များကိုလည်း သင်ကြားပေးသည်။

ဒဲလ်ဂိတ်ဟုခေါ်သည့် တိမ်မြုပ်နေသော အိုးလုပ်သည့်ပညာရပ်သည် ကက်ရှ်မီးယားဒေသ၏ ထူးခြားသည့် ပညာရပ်ဖြစ်ကြောင်း ကုမာက ပြောသည်။ အစိမ်းရင့်ရောင်၊ အပြာ၊ အညိုနှင့် မြေစေးဝါရောင် ကျောက်ပြားများကို မူလက ကက်ရှ်မီးယားဒေသတွင် ပြုလုပ်ပြီး ယင်းပညာရပ်မှ ပုံစံခွဲထွက်ကာ ပန်းကန်ခွက်ယောက်များ၊ ပန်းအိုးများကို အနီရောင်၊ အစိမ်းရောင်၊ အပြာရောင်အသုံးအဆောင်များအဖြစ် ထုတ်လုပ်ခဲ့ကြသည်။

တစ်ချိန်က ခေတ်စားသည့် အနုပညာဖြစ်ခဲ့သော်လည်း မျိုးဆက်သစ် လူငယ်များက ၎င်းတို့၏ လက်ကို ပေကျံလိုစိတ်မရှိသောကြောင့် အဆိုပါ အိုးပညာသည် ကက်ရှ်မီးယာဒေသမှ အခြားပညာရပ်များကဲ့သို့ပင် တိမ်မြုပ်ပျောက်ကွယ်လုနီးပါး ဖြစ်ခဲ့ရသည်။

“အိုးလုပ်ကို လုပ်တာက ဒီပညာကို တိမ်မြုပ်ပျောက်ကွယ်ခြင်း မရှိအောင်လိုပါ။ ဒီပညာရပ်က ကက်ရှ်မီးယားဒေသမှာ နှစ် ၇၀ ကြာမြင့်ပြီ ဖြစ်ပေမယ့် တိမ်ကောလုနီးပါး ဖြစ်နေပါတယ်” ဟု ကုမာက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly