ကိုဗစ်ကာကွယ်နိုင်မှု ပိုမိုကောင်းသည့် ထပ်ပိုးလွှာဖုံး နှာခေါင်းစည်းများကို အိန္ဒိယတွင် ထုတ်လုပ်

ကိုဗစ်ကာကွယ်နိုင်မှု ပိုမိုကောင်းသည့် ထပ်ပိုးလွှာဖုံး နှာခေါင်းစည်းများကို အိန္ဒိယတွင် ထုတ်လုပ်

ကိုဗစ်-၁၉ ကဲ့သို့ လေမှတစ်ဆင့် ကူးစက်နိုင်သည့် ရောဂါများကို ကာကွယ်နိုင်သည့် အသက်ရှူလမ်းကြောင်းကာ နှာခေါင်းစည်းအဝတ်များကို အိန္ဒိယနိုင်ငံ ဂူဝါဟာတီ နည်းပညာဌာန (IITG) မှ သုတေသန ပညာရှင်များက ထုတ်လုပ်လိုက်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သတ်မှတ်ချက်များအရ N95 နှာခေါင်းစည်း သို့မဟုတ် နှစ်လွှာထပ် နှာခေါင်းစည်းများသည် ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကို များစွာ ကာကွယ်နိုင်သော်လည်း အချိန်ကြာမြင့်စွာ ဝတ်ဆင်ထားသူအား အသက်ရှူမွန်းကြပ်မှုကို ဖြစ်စေသည့် ဆိုးကျိုးလည်း ရှိနေသည်။

ထို့ပြင် N95 နှာခေါင်းစည်းများသည် ဈေးနှုန်းကြီးသောကြောင့် လူအများစုအတွက် ငွေကြေးကုန်ကျမှု များပြားသည်။

“ဒီစိန်ခေါ်မှုတွေကို ဖြေရှင်းပြီး ပိုမိုဘေးကင်း၊ တွက်ခြေကိုက်ပြီး သက်တောင့်သက်တာဖြစ်စေဖို့ IITG မှ သုတေသန ပညာရှင်များက ထပ်ပိုးလွှာအုပ်ပစ္စည်းကို အသုံးပြုပြီး အလွယ်တကူရရှိနိုင်တဲ့ နှာခေါင်းစည်းတွေကို ဗိုင်းရပ်စ်ကပ်ပါလာတဲ့အမှုန်အမွှားတွေ ကပ်ပြီးစိမ့်ဝင်နိုင်ခြင်းမရှိသလို ကြာကြာတပ်ထားရင်တောင် အသက်ရှူရတာ မခက်ခဲစေဖို့ တီထွင်ထုတ်လုပ်ထားပါတယ်” ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ နှာခေါင်းစည်းများ၏ အခြားအားသာချက်မှာ ဘက်စုံအသုံးပြုနိုင်သလို ဗိုင်းရပ်စ်များကို ပိုမိုကာကွယ်နိုင်သည့် ဆေးဝါးပစ္စည်းများနှင့်လည်း ပေါင်းစပ်အသုံးပြုနိုင်သည်။

သုတေသနအဖွဲ့တွင် ပါဝင်ခဲ့သည့် ဓာတုဗေဒဌာနနှင့် နာနိုနည်းပညာစင်တာမှ ပါမောက္ခအာရွန် ချက်တိုပက်ဓယေက “နှာခေါင်းစည်းထဲကနေ လေဖြတ်ဝင်စေပေမယ့် လေကနေတစ်ဆင့် မကူးစက်နိုင်တဲ့ နည်းပညာနဲ့ ပြုပြင်ထားတဲ့ အဝတ်ကို သုံးထားပါတယ်။ ပိုးသား ပိတ်စပေါ်မှာ ရေကိုတားနိုင်တဲ့ မော်လီကျူးနဲ့ ထပ်ပိုးထားတာက အလုပ်ဖြစ်ပါတယ်” ဟု ပြောကြားသည်။

အသက်ရှူနိုင်မှုကို ဓာတ်ငွေ့ပမာဏတွက်ချက်သည့် ကိရိယာ Gas Chromatography ဖြင့် နှာခေါင်းစည်းအတွင်းသို့ ဖြတ်ဝင်လာသည့် အောက်စီဂျင်ကို တိုင်းတာစစ်ဆေးခဲ့ရာတွင် ၂၂ ရာခိုင်နှုန်းသာ လျော့နည်းခဲ့သည်။ N95 နှာခေါင်းစည်းများတွင် ၅၉ ရာခိုင်နှုန်း ခန့်လျော့နည်းကြောင်း တွေ့ရှိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required