ထိုင်ဝမ်ဒေသခံ ၆၀ဝ ကျော်ကို ပြန်လည် လွှဲပြောင်းပေးအပ်ရန် တရုတ်က နိုင်ငံခြားအစိုးရများကို ဖိအားပေးခဲ့

By Just Earth News
11 December 2021
ထိုင်ဝမ်ဒေသခံ ၆၀ဝ ကျော်ကို ပြန်လည် လွှဲပြောင်းပေးအပ်ရန် တရုတ်က နိုင်ငံခြားအစိုးရများကို ဖိအားပေးခဲ့

တရုတ်အစိုးရ၏ ဖိအားပေးမှုကြောင့် ၂၀၁၆ ခုနှစ်မှ ၂၀၁၉ခုနှစ်အတွင်း အနည်းဆုံး ထိုင်ဝမ်နိုင်ငံသား ၆၁၀ ဦးကို အခြားနိုင်ငံအစိုးရများက တရုတ်သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့ Safeguard Defenders က ပြောကြားခဲ့သည်။

ကိုယ်ပိုင်အုပ်ချုပ်နေသော ထိုင်ဝမ်ကျွန်းကို အားလျော့သွားစေရန် ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအဖြစ် ထိုင်ဝမ်သားများကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးအပ်ရန် နိုင်ငံခြားအစိုးရများကို ဖိအားပေးနေကြောင်း အစီရင်ခံစာ၏ စုံစမ်းစစ်ဆေးမှုကို ကိုးကား၍ အယ်လ်ဂျာဇီယာက ဖော်ပြခဲ့ပြီး လွန်ခဲ့သည့် ၅ နှစ်က စိုင်အမ်ဝမ်သမ္မတအဖြစ် ရွေးကောက်ခံရပြီးကတည်းက ဖိအားများ ပိုမိုများလာခဲ့ကြောင်း Al Jazeera က အစီရင်ခံစာကို ကိုးကားဖော်ပြခဲ့သည်။

ထိုင်ဝမ်ကို ပိုင်ဆိုင်ကြောင်း တရုတ်က ဆက်လက်ဖိအားပေးနေစဉ်တွင် နိုင်ငံရပ်ခြားမှ သံသယရှိသူများကို သက်ဆိုင်ရာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရေးအတွက် ရဲတပ်ဖွဲ့သည် တတိယနိုင်ငံများတွင် အတူတကွ ပူးပေါင်းလုပ်ဆောင်ရန် လွန်ခဲ့သည့် ၁၀နှစ်ခန့်က နှစ်နိုင်ငံသဘောတူခဲ့သည်။

နိုဝင်ဘာ ၁ ရက်က ထုတ်ပြန်ခဲ့တဲ့ Safeguard Defenders အဖွဲ့၏ အစီရင်ခံစာအရ သမ္မတစိုင်၏ ရွေးကောက်ပွဲ အပါအဝင် သဘောတူညီချက်ကို တရုတ်က လျစ်လျူရှုထားခဲ့သည်။

“ထိုင်ဝမ်သားတွေကို နိုင်ငံတကာ နှိပ်စက်ညှဉ်းပန်းမှုက ထိုင်ဝမ်ရဲ့ အချုပ်အခြာအာဏာကို ထိပါးတာဖြစ်ပြီး ဒါက ရှီကျင့်ဖျင် လက်ထက် ကမ္ဘာလုံးဆိုင်ရာ လုပ်ဆောင်မှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး တရားခံလွှဲပြောင်းရေး သဘောတူစာချုပ်တွေ၊ အပြန်အလှန် တရားဥပဒေစိုးမိုးရေး သဘောတူညီချက်တွေနဲ့ တခြားအဖွဲ့အစည်းပေါင်းစုံကို တရုတ်ကွန်မြူနစ်ပါတီရဲ့ နိုင်ငံရေးရည်ရွယ်ချက်တွေအတွက် အသုံးချနေပါတယ်” ဟု ယင်းအဖွဲ့က ပြောကြားခဲ့သည်။

တရုတ်ပြည်သို့ ပို့ဆောင်ခံရပါက ၎င်းတို့အား တရုတ်နိုင်ငံတွင် ထိုင်ဝမ်အရာရှိများ သို့မဟုတ် မိသားစုဝင်များ နှင့် တွေ့ဆုံခွင့်ရရင် ငြင်းပယ်ခံရပြီး၊ ထိုင်ဝမ်မှ ကောင်စစ်ဝန်ထောက်ပံရေး သို့မဟုတ် ဆက်သွယ်မှုများလည်း ငြင်းပယ်ခံရပြီးနောက် မကြာခဏ အပြောင်းအရွှေ့များ ပြုလုပ်လေ့ရှိသည်ဟု အစီရင်ခံစာက ဆိုသည်။

၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း နိုင်ငံခြားအစိုးရများမှ အနည်းဆုံး ထိုင်ဝမ် ၆၁၀ ဦးကို ထိုင်ဝမ်အစား တရုတ်ပြည်သို့ လွှဲပြောင်းခြင်း သို့မဟုတ် ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း အဆိုပါအဖွဲ့၏ စုံစမ်းစစ်ဆေးမှုက ဖော်ပြနေပြီး ယင်းတွင် အာရှရှိနိုင်ငံများတွင်သာမက စပိန်၊ အာမေးနီးယားနှင့် ကင်ညာတို့မှလည်း အများစုဖြစ်သည်။ အများစုသည် ဆက်သွယ်ရေးဆိုင်ရာ လိမ်လည်မှုဖြင့် စွပ်စွဲခံထားရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly