တရုတ်က ကလေးများ ကွန်မြူနစ်ပါတီကို ချစ်မြတ်နိုးလာစေရန် မူလတန်းကျောင်းများကို ဦးတည်နေ

တရုတ်က ကလေးများ ကွန်မြူနစ်ပါတီကို ချစ်မြတ်နိုးလာစေရန် မူလတန်းကျောင်းများကို ဦးတည်နေ

တရုတ်နိုင်ငံရှိ မူလတန်းနှင့် အလယ်တန်းကျောင်းကလေးများ မျိုးချစ်စိတ်နှင့် ကွန်မြူနစ်ပါတီကို ချစ်မြတ်နိုး လာစေရေး ပျိုးထောင်ရန်အတွက် ပစ်မှတ်ထားခံနေရသည်။

ခေါင်းဆောင် ဆရာများက အလုံးစုံ တာဝန်ယူရသလို ပါတီက “အယူဝါဒ နှင့် နိုင်ငံရေးပိုင်း” ကို တင်းတင်းကျပ်ကျပ်ချုပ်ကိုင်ထားမည်လိမ့်မည်ဟု နိုင်ငံပိုင်သတင်းဌာန ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။

“ဆိုရှယ်လစ်အခြေခံတန်ဖိုးများ” မြှင့်တင်ရေး၊ “တော်လှန်ရေးအစဉ်အလာ” နှင့် “အနီရောင်ဗီဇ” တို့ကို ကျောင်းသင်ရိုးညွှန်းတမ်းဖြင့် ပေါင်းစည်းမည်ဖြစ်သည်။

လန်ဒန်ရှိ အာဖရိကနှင့် အရှေ့တိုင်းလေ့လာရေးကျောင်းမှ တရုတ်အင်စတီကျူ ဒါရိုက်တာ စတိတန်က နိုဝင် ဘာလက ထိပ်သီးအစည်းအဝေးအပြီးတွင် ထိပ်တန်း ခေါင်းဆောင်ပိုင်းသည် ရှီကျင့်ဖျင်အား မော်စီတုံး၊ တိန့်ရှောင်ဖင်တို့နှင့် တစ်တန်းတည်းထားကြောင်း ပါတီက သမိုင်းဝင် ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ပြီးနောက် ရှီကျင့်ဖျင် အတွေးကို လူငယ်များလက်ခံလာအောင် တွန်းအားပေးခြင်းသည် ရှီ အတွက် အဓိပ္ပာယ်ရှိလိမ့်မည်" ဟု ပြောကြားခဲ့သည်။

ဗဟိုကော်မတီ၏ ၆အကြိမ်မြောက် စုံညီအစည်းအဝေးမှ အတည်ပြုခဲ့သည့်အဆိုသည် ၂၀၂၂ခုနှစ်တွင် ခေါင်းဆောင်မှုဆိုင်ရာ ကြီးမားသည့်အပြောင်းအလဲအတွက် အခြေခံအချက်များကို သတ်မှတ်ပေးခဲ့ပြီး ရှီ၏ တတိယ မြောက်သက်တမ်းအတွက် လမ်းဖွင့်ပေးခဲ့သည်။

၂၀၂၀ပြည့်နှစ် စာရင်းအရ တစ်နိုင်ငံလုံးတွင် အစိုးရ မူလတန်းနှင့် အလယ်တန်းကျောင်းပေါင်း ၂၁၀,ဝဝဝ ရှိပြီး ကျောင်းသားဦးရေ ၁၅၆ သန်းရှိကြောင်း ပညာရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

ထိုကျောင်းများမှ ဆရာ ၁၀ သန်း၏ သုံးပုံတစ်ပုံမှာ ကွန်မြူနစ်ပါတီဝင်များဖြစ်သည်။

အသက်အုပ်စုတစ်ခုချင်းစီနှင့် ကိုက်ညီသည့် ပြဌာန်းစာအုပ်အသစ်များကို ၂၀၂၂ခုနှစ်မှစ၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လက်ခံကျင့်သုံးမည်ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly