ကန်ကြီးထောင့်မြို့နယ်တွင် ကင်းလှည့်နေသည့် စစ်ကောင်စီယာဉ်တန်း ဗုံးခွဲတိုက်ခိုက်ခံရ

ကန်ကြီးထောင့်မြို့နယ်တွင် ကင်းလှည့်နေသည့် စစ်ကောင်စီယာဉ်တန်း ဗုံးခွဲတိုက်ခိုက်ခံရ

ဒီဇင်ဘာ ၁၀

ဧရာဝတီတိုင်း၊ကန်ကြီးထောင့်မြို့၊ကျိုက်လတ်ကျေးရွာအနီးတွင် ယမန်နေ့ ဒီဇင်ဘာလ ၉ ရက် ည ၇ နာရီ မိနစ် ၃၀ခန့်က ကင်းလှည့်နေသည့် စစ်ကောင်စီယာဉ်တန်းကို Delta Wild Horses(free revolters) အဖွဲ့မှ မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း အဆိုပါအဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။ 

အဆိုပါ ယာဥ်တန်းသည် ကန်ကြီးထောင့်မြို့မှ ကျိုက်လတ်ကျေးရွာသို့ သွားရောက်၍ ကင်းလှည့်နေစဥ်တွင် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူနှင့် သေဆုံးသူ အရေအတွက်အား အတည်မပြုနိုင်သေးကြောင်း အဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

"အဝေးထိန်းစနစ်နဲ့ ကင်းလှည့်လာတဲ့ စစ်ကားတွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တာပါ ။ ကျွန်တော်တို့အကုန်လုံး ဘေးကင်းပါတယ်"ဟု Delta Wild Horses(free revolters) အဖွဲ့ဝင်တစ်ဦးကပြောသည်။ 

ပေါက်ကွဲမှုဖြစ်စဥ်အပြီးတွင် ပြည်သူများ အနေဖြင့် စစ်ကောင်စီတပ်ဖွဲ့၊ ရဲတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်သောနေရာများတွင် သွားလာနေထိုင်ခြင်း မပြုလုပ်ပါရန် မေတ္တာရပ်ခံလိုက်ပါသည်ဟု ထိုအဖွဲ့က ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required