အောင်မင်္ဂလာအဝေးပြေး ကားကြီးဂိတ်အတွင်းရှိ ရဲကင်းအနီးဗုံးပေါက်ကွဲ

အောင်မင်္ဂလာအဝေးပြေး ကားကြီးဂိတ်အတွင်းရှိ ရဲကင်းအနီးဗုံးပေါက်ကွဲ

ဒီဇင်ဘာ ၁၀

ရန်ကုန် အောင်မင်္ဂလာအဝေးပြေးကားဂိတ်အတွင်းရှိ ရဲကင်းတစ်ခုအနီး ယမန်နေ့ညက အင်အားပြင်းထန်သောဗုံးနှစ်လုံးဆင့်ကာပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ရန်ကုန်မှအခြားမြို့ကြီးအများစုသို့ပြေးဆွဲသောအဝေးပြေးကားများ၏ ဂိတ်ကြီးအတွင်းရှိ မော်လမြိုင်လမ်းတွင် ည ၇ နာရိ ၃၀ မိနစ် ပေါက်ကွဲမှုက ပြင်းထန်ခဲ့သည်ဟု စျေးသည်တစ်ဦးက မဇ္ဈိမသို့ပြောသည်။

''ရေကန်ကြီးနားကမော်လမြိုင်လမ်းထဲမှာပေါက်တာ၊ရဲကင်းလည်းရှိတယ်။အသံကတော့အကျယ်ကြီးပဲနားတွေတောင်အူသွားတယ်။အခုတော့ရဲတွေကော၊တပ်ကားတွေကောဝင်လာကြတယ်။ထိခိုက်သေဆုံးတာတွေတော့မသိဘူး။ ကျွန်တော်တို့တောင်ရောင်းနေတဲ့ပစ္စည်းတွေသေသေချာချာမသိမ်းခဲ့ရဘူး။အိတ်ထဲဒီတိုင်းထိုးထည့်ပြီးပြန်ပြေးလာရတယ်''ဟု သူက ပြောသည်။

အောင်မင်္ဂလာအဝေးပြေးကားဂိတ်သည် စစ်ကောင်စီတပ်၏ ထောက်လှမ်းရေး (ကြည်း) နှင့် ထောက်လှမ်းရေး (လေ) တပ်ရင်းရှေ့မျက်နှာချင်းဆိုင်တွင်တည်ရှိပြီး ကားကြီးဝန်းအတွင်းတွင်လည်း ရဲကင်းနှင့် တပ်ရင်းတစ်ခုတပ်စွဲထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required