မက္ကဆီကိုတွင် မြို့တော်ဝန်ဖြစ်သည်မှာ နှစ်ရက်ပဲရှိသေးသည့် အမျိုးသမီး ပစ်သတ်ခံရ

မက္ကဆီကိုတွင် မြို့တော်ဝန်ဖြစ်သည်မှာ နှစ်ရက်ပဲရှိသေးသည့် အမျိုးသမီး ပစ်သတ်ခံရ

မက္ကဆီကိုစီးတီး၊ ဇန်နဝါရီ ၃ ။           ။ မက္ကဆီကိုနိုင်ငံတွင် မြို့တော်ဝန်အဖြစ်ရွေးကောက်ခံရသည့် အမျိုးသမီးမြို့တော်ဝန်သစ်သည် ရာထူးရပြီး နှစ်ရက်မြောက်နေ့၌ သေနတ်သမားတစ်စု၏ ပစ်သတ်ခံရကာ သေဆုံးခဲ့သည်။

မက္ကဆီကိုစီးတီးမြို့တော်မှ တောင်ဖက် ၅၂ မိုင်အကွာရှိ တီမစ်ကိုမြို့တွင် မြို့တော်ဝန်သစ် ဂီစီလာမိုတာက ရာထူးလက်ခံမှုကို ဇန်နဝါရီ ၁ ရက်တွင် ကျမ်းသစ္စာဆိုခဲ့ပြီး နောက်နှစ်ရက်မြောက်၌ ၎င်း၏ နေအိမ်အတွင်း ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ရဲဌာနက ပြောသည်။

၎င်းကို သေနတ်သမား လေးဦးက လာရောက်တိုက်ခိုက်ခြင်းဖြစ်ပြီး ရဲက သေနတ်သမားနှစ်ဦးကို ပစ်သတ်ကာ ကျန်နှစ်ဦးကို ဖမ်းဆီးရမိသည်။

သတ်ဖြတ်ခြင်း အကြောင်းရင်းအား သေချာရှင်းလင်းစွာ မသိရသေးပေ။ ပြီးခဲ့သည့်နှစ်အတွင်းကလည်း မူးယစ်ကုန်ကူးဂိုဏ်းများက နိုင်ငံတွင်း မြို့တော်ဝန်အချို့ကို သတ်ဖြတ်ခြင်းများရှိခဲ့သည်။

ဗဟိုလက်ဝဲယိမ်း လွှတ်တော်အမတ်ဟောင်း ဂီစီလာသည် သေဆုံးချိန်တွင် အသက် ၃၀ စွန်းရုံသာရှိသေးပြီး မူးယစ်ဆေးဝါးနှင့် ရာဇဝတ်ဂိုဏ်းများ ကြီးစိုးရာ စက်မှုမြို့တစ်မြို့ဖြစ်သည့် တီမစ်ကိုမြို့ကို သန့်ရှင်းသော မြို့ဖြစ်ရမည်ဟု ကတိပေးလုပ်ဆောင်နေသူဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly