ကိုဗစ် မျိုးကွဲ Omicron ကို ကာကွယ်ရေးအတွက် ပြည်ပမှ ရောက်ရှိလာသူအားလုံးကို ကိုဗစ်စစ်ဆေးမှု ပြုလုပ်ရန် ဂျမူးနှင့် ကက်ရှ်မီးယား အတွင်းဝန်ချုပ်ပြောကြား

ကိုဗစ် မျိုးကွဲ Omicron ကို ကာကွယ်ရေးအတွက် ပြည်ပမှ ရောက်ရှိလာသူအားလုံးကို ကိုဗစ်စစ်ဆေးမှု ပြုလုပ်ရန် ဂျမူးနှင့် ကက်ရှ်မီးယား အတွင်းဝန်ချုပ်ပြောကြား

အိန္ဒိယနိုင်ငံ၊ ဂျမူးနှင့် ကက်ရှ်မီးယားဒေသ၏ အတွင်းဝန်ချုပ် အာရွန်ကုမာမဟတာ သဘာပတိအဖြစ် နိုဝင်ဘာ ၂၇ ရက်ကျင်းပသည့် ကိုဗစ်ရောဂါ ထိန်းချုပ်ရေးအစည်းအဝေးတွင် ကပ်ရောဂါနှင့် ပတ်သက်၍ ပြည်သူလူထု၏ ကျန်းမာရေးကို သုံးသပ်ရန်နှင့် Omicron ဗိုင်းရပ်စ်မျိုးကွဲ ပေါ်ပေါက်နေသောကြောင့် တိုင်း/ခရိုင် အုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် ဂျမူးနှင့် ကက်ရှ်မီးယားဒေသသို့ လာရောက်သည့် နို်ငငံခြားသားအားလုံးကို ဆေးစစ်ကြရန် တိုက်တွန်းထားသည်။

အဆိုပါ အစည်းအဝေးသို့ ဒေသဆိုင်ရာ အစိုးရအဖွဲ့မှ အကြီးအကဲများ တက်ရောက်ခဲ့ကြသည်။ အန္တရာယ်ရှိသည်ဟု သတ်မှတ်ခံထားရသည့် နိုင်ငံများမှ ဝင်ရောက်လာနိုင်သည့် Omicron ရောဂါကူးစက်မှုများကို စစ်ဆေးရန် လမ်းညွှန်ချက်များအား ဗဟိုအစိုးရက ထုတ်ပြန်ထားကြောင်း ဒေသဆိုင်ရာအစိုးရ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ချမှတ်ထားသော လမ်းညွှန်ချက်များကို လိုက်နာရန်နှင့် နိုင်ငံတကာလေကြောင်းခရီးစဉ်များဖြင့် လိုက်ပါလာသူအားလုံးကို ဆေးစစ်ကြရန်လည်း အတွင်းဝန်ချုပ်က မှာကြားခဲ့သည်။ ရောဂါပိုးကူးစက်ခံမထားရသူများအား အိမ်တွင်း ၇ ရက်နေထိုင်ရမည်ဖြစ်ပြီး ကူးစက်ခံထားရသူများသည် အဖွဲ့အစည်းများ၏ သီးခြားထားရှိသည့် နေရာများတွင် ၁၅ ရက် နေရမည်ဖြစ်ကာ ၎င်းတို့၏ ဓာတ်ခွဲစစ်ဆေးမည့်နမူနာများကို ယူရမည်ဟုလည်း ၎င်းက ပြောကြားသည်။

အစိုးရ၏ သီးသန့်ထားရှိရေး စင်တာများကို ထားရှိရန်နှင့် အရေးပေါ်ပြဿနာအခြေအနေများကို ဖြေရှင်းရာတွင် အဖွဲ့အစည်းများ၏ သီးသန့်စောင့်ရှောက်ရေးနေရာများအတွက် အခကြေးငွေပေး၍ ဆောင်ရွက်မည့် အစီအစဉ်များကို ဆောင်ရွက်ထားရန် ဘူဒါဂမ်နှင့် ဆရီနဂါခရိုင်အုပ်ချုပ်ရေးအဖွဲ့များကို ညွှန်ကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required