Omicron ကိုဗစ်မျိုးကွဲ ဖြစ်ပွားမှု ထိန်းချုပ်နိုင်ရန် အိန္ဒိယက အာဖရိကသို့ ကာကွယ်ဆေးများ လှူဒါန်းမည်

Omicron ကိုဗစ်မျိုးကွဲ ဖြစ်ပွားမှု ထိန်းချုပ်နိုင်ရန် အိန္ဒိယက အာဖရိကသို့ ကာကွယ်ဆေးများ လှူဒါန်းမည်

အာဖရိကနိုင်ငံများကို ကိုဗစ်-၁၉ မျိုးကွဲ ကူးစက်မှုဖြစ်ပွားနေခြင်းကို ထိန်းချုပ်နိုင်ရန် အိန္ဒိယနိုင်ငံက ပြည်တွင်း ဖြစ် ကာကွယ်ဆေးများအပါအဝင် ပံ့ပိုးကူညီမှုများ လုပ်ဆောင်သွားရန် အသင့်ရှိနေကြောင်း ဒီဇင်ဘာ ၆ ရက်တွင် ထုတ်ပြန်ထားသည်။

အဆိုပါ အကူအညီများကို COVAX အစီအစဉ်မှ ဖြစ်စေ၊ နိုင်ငံအချင်းချင်းဖြစ်စေပေးသွားနို်ငကြောင်း အိန္ဒိယအစိုးရက ကြေညာထားသည်။

အိန္ဒိယအနေဖြင့် COVAX အစီအစဉ်က ယခုချိန်ထိ မှာယူထားသည့် COVISHIELD ကာကွယ်ဆေးများကို မော်လဝီ၊ အီသီယိုးပီးယား၊ ဇမ်ဘီးယား၊မိုဇမ်ဘစ်၊ ဂီနာ၊ လက်ဆိုသို နိုင်ငံများသို့ ပေးပို့ပြီး ဖြစ်သည်။

ဘော့စ်ဝါနာနိုင်ငံသို့ COVAXIN အစီအစဉ်အောက်မှ ကာကွယ်ဆေးများကိုလည်း ပေးပို့ပြီး ဖြစ်သည်။ ထပ်မံလိုအပ်ချက်များရှိပါက နိုင်ငံအချင်းချင်း ဖြစ်စေ၊ COVAX အစီအစဉ်အရ ဖြစ်စေ ပေးပို့သွားမည်ဟု အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ကိုဗစ်-၁၉ မျိုးစိတ်သစ် Omicron ဖြစ်ပွားနေခြင်းကြောင့် အခြားနိုင်ငံများ အထူးသဖြင့် အာဖရိကတိုက် နိုင်ငံများနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မရှိမဖြစ်လိုအပ်သော အသက်ကယ်ဆေးများ၊ စမ်းသပ်ပစ္စည်းများ၊ လက်အိတ်များ၊ PPE ပစ္စည်းများနှင့် အသက်ရှူစက်ကဲ့သို့ ဆေးဝါးပစ္စည်းများကို ပေးပို့သွားရန် အသင့် ဖြစ်နေကြောင်းလည်း အိန္ဒိယအစိုးရ ထုတ်ပြန်ထားသည်။

အိန္ဒိယက အာဖရိကတိုက်ရှိ ၄၁ နိုင်ငံသို့ ပြည့်တွင်းထုတ် ကိုဗစ်ကာကွယ်ဆေး ၂၅ သန်းကျော် ပေးပို့ထားရာတွင် ဆေးလုံးရေ ၁သန်း နီးပါးကို ၁၆ နိုင်ငံသို့ အခမဲ့ ထောက်ပံ့ခြင်းဖြင့်လည်းကောင်း၊ လုံးရေ ၁၆ သန်းကျော်ကို ၃၃ နိုင်ငံသို့ COVAX အစီအစဉ်အရ လည်းကောင်း ပေးပို့ထားပြီး ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly