ကုန်သွယ်ရေးကို လက်နက်အဖြစ်အသုံးချလေ့ရှိသည့် တရုတ်ကို ယုံကြည်ရန်ခက်ခဲကြောင်း သြစတြေးလျ အထူးသံတမန် ပြောကြား

By Organiser
10 December 2021
ကုန်သွယ်ရေးကို လက်နက်အဖြစ်အသုံးချလေ့ရှိသည့် တရုတ်ကို ယုံကြည်ရန်ခက်ခဲကြောင်း သြစတြေးလျ အထူးသံတမန် ပြောကြား

ကုန်သွယ်ရေးကဏ္ဍတွင် အိန္ဒိယက ရှေ့ဆက်ပြီး ထူးခြားသောအခွင့်အရေးရှိနိုင်ကြောင်း အလေးအနက်ထား ဖော်ပြခဲ့သည့် သြစတြေးလျဝန်ကြီးချုပ်၏ အထူးကုန်သွယ်ရေးသံတမန် တိုနီအဘော့က တရုတ်နိုင်ငံသည် ကုန်သွယ်ရေးကို လက်နက်အဖြစ်အသုံးချလေ့သဖြင့် ယုံကြည်စိတ်ချရသော မိတ်ဖက်အဖြစ် မြင်ရန် ခက်ခဲ ကြောင်း ဒီဇင်ဘာ ၃ ရက်က ပြောကြားလိုက်သည်။

နယူးဒေလီတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သြစတြေးလျအထူးကိုယ်စားလှယ်က အိန္ဒိယသည် ဒီမိုကရေစီ၊ တရားဥပဒေစိုးမိုးရေးနှင့် စီးပွားရေးကို ကောင်းမွန်စွာ နားလည်သဘောပေါက်ကြောင်း ပြောကြားသည်။

" ကုန်သွယ်ရေးကို လက်နက်အဖြစ်အသုံးချတာကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါတယ်။ ဒေါ်လာ ဘီလီယံ ၂၀ လောက်တန်ဖိုးရှိတဲ့ ကုန်သွယ်မှုကို တရုတ်က အနှောင့်အယှက် ပြုပါတယ် ဒါမှမဟုတ် ဆိုင်းငံ့ထားပါတယ်။ တရုတ်ကို ယုံကြည်ရတဲ့ မိတ်ဖက်အဖြစ် မြင်ဖို့က အရမ်းခက်ခဲပါတယ်" ဟု အဘော့က ပြောကြားခဲ့သည်။

အထူးကုန်သွယ်မှုအထူးသံတမန်က အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဂိုရယ်နှင့် တွေ့ဆုံခဲ့ပြီး လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက် (FTA) ကို ဆွေးနွေးခဲ့ကြောင်းလည်း ဆိုသည်။

အိန္ဒိယ၏ အစောပိုင်းကနဦးကုန်သွယ်ရေးသဘောတူညီချက် FTA စာချုပ်အတွက် သတ်မှတ်ချိန်အတိုင်း ဖြစ်လာမည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးသည် ဒီဇင်ဘာ ၂ရက်တွင် တိုနီအဘော့နှင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရန် နည်းလမ်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြသည်။

အိန္ဒိယနှင့် သြစတြေးလျတို့သည် လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက် (FTA) မှတစ်ဆင့် ကုန်သွယ်မှု ဆက်ဆံရေးကို အားကောင်းလာစေရန်အတွက် အလားအလာကောင်းများရှိကြောင်း ဂိုရယ်က Twitter တွင် ရေးသားခဲ့သည်။

စက်တင်ဘာလတွင် အိန္ဒိယနှင့် သြစတြေးလျတို့သည် ၂၀၂၂ခုနှစ်အကုန်တွင် လွှမ်းခြုံပြည့်စုံသည် လွတ်လပ် သော ကုန်သွယ်မှုသဘောတူညီချက်ကို လက်မှတ်ရေးထိုးမည်ဖြစ်ပြီး ၂၀၂၁ခုနှစ်နှောင်းပိုင်းခရစ္စမတ်မတိုင်မီ အစောပိုင်းကနဦးကုန်သွယ်ရေးသဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required