အာဏာပိုင်များ၏ညှင်းပန်းနှိပ်စက်မှုကြောင့် ဝီဂါရဲ ၁ ဦးသေဆုံး

အာဏာပိုင်များ၏ညှင်းပန်းနှိပ်စက်မှုကြောင့် ဝီဂါရဲ ၁ ဦးသေဆုံး

မိမိကိုယ်ကိုအဆုံးစီရင်ခဲ့သည်ဟုသတင်းထွက်ခဲ့သော တရုတ်နိုင်ငံရှိ ဝီဂါရဲအရာရှိတစ်ဦးသည် သေဆုံးသည်အထိညှင်းပန်းနှိပ်စက်ခံခဲ့ရခြင်းသာဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ခုကပြောကြားခဲ့သည်။

နာမီမတ်ယူစွတ်သည် သြဂုတ်လပထမပတ်အတွင်းသေဆုံးခဲ့ကြောင်းဒေသခံတာဝန်ရှိသူများက RFA သို့ အတည်ပြုပြောကြားသော်လည်းသေဆုံးရသည့် အကြောင်းရင်းကိုရှင်းရှင်းလင်းလင်းမသိရပေ။ နာမီနတ်သည် စစ်ဆေးမေးမြန်းမှုအတွင်း မိမိကိုယ်ကိုအဆုံး စီရင်ခဲ့ကြောင်းရဲအရာရှိများကပြောကြားသည်။

ရှင်ကျန်းမြို့တော် အူရမ်ကီမြို့ရှိအူရမ်ကီမြင်းပြိုင်ရဲစခန်းတွင် တာဝန်ထမ်းဆောင်ခဲ့သောနာမီနတ်သည် ယခင်က “ပြန်လည်ပညာပေးရေး” စခန်းတွင် တာဝန်ကျစဉ် ရာဇဝတ်သားတစ်ဦးအပေါ် စာနာထောက်ထားသည် ဟူသောသံသယဖြင့် ဇူလိုင်လနှောင်းပိုင်းတွင် ဖမ်းဆီးခံခဲ့ရသည်။ အကျဉ်းချခံထားရသူတစ်ဦး၏ အန်ထွက်လာသော သွေးများမျက်နှာပေါ် ပေကျံနေသည်ကိုနာမီနတ်ကသုတ်ပေးခဲ့ကြောင်းအမည်မဖော်လိုသူသတင်းရင်းမြစ် ပြောသည်။

နာမီနတ်သည် သေဆုံးသည်အထိညှဉ်းပန်းနှိပ်စက်ခံခဲ့ရကြောင်းနှင့် နှိပ်စက်ခံရမှုသည် အရေးယူအပြစ်ပေးခြင်းဖြစ်ကြောင်း ၎င်းဖြစ်စဉ်နှင့်အကျွမ်းဝင်သူတစ်ဦးက RFA သို့ပြောသည်။

အူရမ်ကီမြို့၏ အူလန်ဘေးအရပ်မှ ရဲအရာရှိတစ်ဦးကနာမီနတ် သေဆုံးမှုသည် နိုင်ငံတော်လျှို့ဝှက်ချက်ဖြစ်ပြီး အကြောင်းရင်းကိုထုတ်ဖော်ပြောဆိုခြင်းမပြုရန် အရာရှိများအား အထူးသတိပေးချက်ထုတ်ပြန် ထားကြောင်းပြောသည်။

နာမီနတ်ကိုစစ်ဆေးမေးမြန်းသူများအနက် တစ်ဦးမှာဟာမစ် အမည်ရှိရဲအရာရှိတစ်ဦးဖြစ်ကြောင်း ဒေသခံအရာရှိတစ်ဦးကအတည်ပြုနိုင်ခဲ့သည်။ စစ်ဆေးမေးမြန်းစဉ်အတွင်းအင်အားအလွန်အကျွံသုံးရန် ၎င်းအားရဲဌာနကစည်းကမ်းထုတ်ညွှန်ကြားထားကြောင်းအဆိုပါသတင်းရင်းမြစ်ကပြောသည်။

ဟာမစ်သည် လွန်ခဲ့သည့် ၄ နှစ်ကစံပြရဲအရာရှိတစ်ဦးဖြစ်ခဲ့သော်လည်းအင်အားအလွန်အကျွံသုံးခဲ့သည့် ဖြစ်ရပ်တစ်ခုကြောင့် ၎င်းရရှိထားသောစံနမူနာဆုကိုအထက်အရာရှိများကပြန်လည်ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly